ငွေကုန် မခံဘဲ ဂျက်ဆီကာအယ်ဘာနှင့် တူစေရန် ခွဲစိတ်ဖို့ ကြံနေတဲ့ တရုတ် အမျိုးသမီး

alt

တရုတ်နိုင်ငံမှ အမျိုးသမီးလေး တဦးသည် သူမ ၏ မျက်နှာကို ဟောလီးဝုဒ် မင်းသမီး ဂျက်ဆီ ကာ အယ်ဘာ နှင့် တူစေရန်အတွက် ငွေကုန် ကြေးကျ မခံဘဲ ခွဲစိတ်ပြုပြင်

သွားရန် ကြံစည်နေကြောင်း သိရှိ ရသည်။ ဇီယိုကွင်ဟု ရှန်ဟိုင်းဒေးလီး သတင်းစာက ဖော်ပြ ထားသည့် အသက် (၂၁)နှစ် အရွယ် အမျိုးသမီး လေးသည် ရှန်ဟိုင်းမှ ဆရာဝန် များနှင့် တွေ့ဆုံကာ မည်သူသည် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအတွက် ငွေကြေးမယူဘဲ ဆောင်ရွက် ပေးနိုင်မည်ကို မေးမြန်း စုံစမ်း ခဲ့ကြောင်း သိရသည်။

သူမ အနေနှင့် ဆုံးဖြတ်ချက်ကို မပြင်တော့ဟု မိန်းကလေးက ပြောခဲ့ကြောင်း သတင်းစာက ဆိုသည်။ ထိုသို့လုပ်ရခြင်းမှာ သူမအား စွန့်ခွာ သွားသည့် ချစ်သူဟောင်းအား ဆွဲဆောင်နိုင်ရန် ဖြစ် ကြောင်း မိန်းကလေးက ဝန်ခံခဲ့သည်။ မိန်းကလေး က သူမသည် စိတ်ပျော့သူ တဦး ဖြစ်ကြောင်း၊ သို့သော်လည်း ယခု ခွဲစိတ်မှု ခံယူပြီးချိန်တွင် အားကောင်း သန်မာသော ယုံကြည်မှုဖြင့် မိမိ ကိုယ်ကို ရပ်တည်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းတိုင်း ပလပ်စတစ်ဆာဂျရီ ပြုပြင်ဖန်တီးမှု ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် လျူကွီက ထို မိန်းကလေးသည် မျက်ခုံးမွေးကို အထက်သို့ မြှင့်ရန်၊ မျက်ခွံများ ပုံစံပြောင်းရန်၊ နှာခေါင်းကို ပြုပြင်ရန် အပါ အဝင် ခွဲစိတ်မှု အတော်များများ ပြုလုပ်မှ Fantastic Four ဇာတ်ဆောင် မင်းသမီးနှင့် ဆင်တူမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

နည်းပညာပိုင်း အရ သူမ၏ ဆန္ဒမှာ ဖြစ်နိုင်ဖွယ် ရှိသည့် အနေအထားမျိုးဟုလည်း လျူက ဆို သည်။ ထို မိန်းကလေး က သူမ၏ ချစ်သူဟောင်းမှာ အခန်းနံရံတွင် ဂျက်ဆီကာ၏ ပုံများအား ကပ်ထားပြီး မိုဘိုင်းဖုန်း အတွင်းတွင်လည်း ဂျက်ဆီကာပုံ Wallpaper တင်ထားကာ ယင်း မင်းသမီးကို အရူးအမူး နှစ်သက်သူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇီယိုကွင် က သူမ၏ ချစ်သူနှင့် တွဲနေစဉ်က အသက် (၂၈)နှစ်ရှိ ယင်း အမျိုးသားသည် သူမအား ဂျက်ဆီကာနှင့် တူ အောင် မိတ်ကပ်ပြင် ခိုင်းလေ့ရှိပြီး ဂျက်ဆီကာ ဆောင်း ခဲ့ဖူးသည့် ဦးထုပ်နှင့် ပုံစံတူ တလုံးကို ဝယ်ယူကာ လက်ဆောင် ပေးခဲ့ပြီး သူမ အမြဲဆောင်းထားရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here