ဘယ်ဂျီယမ် နိုင်ငံတွင် ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွား

alt

ဘယ်ဂျီယမ် နိုင်ငံတွင် ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် တိုက်တလုံး ပြိုကျသွားရာ အနည်းဆုံး လူ(၉) ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘယ်ဂျီယမ် အရှေ့ပိုင်း လီဂီရှိ

တိုက်တလုံးတွင် မတော်တဆ ဓာတ်ငွေ့အိုး ပေါက်ကွဲရာမှ ပြိုကျ ပျက်စီးခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ အရေအတွက် (၁၅)ဦးမှ (၂၀) အထိ တိုးလာနိုင် ကြောင်း ပြည်ထဲရေး ဝန်ကြီး အန်နီမီ တူတယ်ဘွမ်းက ပြောကြားခဲ့သည်။

ဇန်နဝါရီလ (၂၇)ရက် နေ့က ပေါက်ကွဲမှု ကြောင့် မြို့လယ်ရှိ တိုက်ကြီးတခုလုံး ပြိုကျသွားပြီး လူ (၂၁) ဦးကို ဆေးရုံသို့ တင်ပို့ လိုက်ရသည်။ ကယ်ဆယ်ရေး များသည် ကလေးမလေး တဦးအား အပျက် အစီးပုံ များအောက်မှ ဆွဲထုတ်ကယ်တင် နိုင်ခဲ့သေးသည်။

ထို့အပြင် ပြိုကျသွားသည့် အဆောက်အအုံ ဘေးမှ အခြားသော တိုက်တာများတွင် နေထိုင်သူများ အတွက် တည်ငြိမ် မှု ရရှိစေရန်လည်း ကယ်ဆယ်ရေးများက ဆောင်ရွက်နေရဆဲ ဖြစ်သည်။ ဘယ်ဂျီယမ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဦးက အဆောက်အအုံ တခုလုံး ပေါက်ကွဲသွားသည့် အရှိန်ကြောင့် အနီးရှိ တိုက်များပါ ပြိုကျမည်ကို စိုးရိမ် နေရကြောင်း ထုတ် ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here