ကိုရီးယား နှစ်နိုင်ငံအကြား လက်နက်ကြီး များဖြင့် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွား

alt

နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်သို့ မြောက်ကိုရီးယား တို့က နှစ်ရက် ဆက်တိုက် လက်နက်ကြီးဖြင့် ပစ် ခတ်နေကြောင်း တောင်ကိုရီး ယား အစိုးရက အတည်ပြု ပြောကြား ခဲ့သည်။

ဇန်နဝါရီလ (၂၇)ရက် နေ့က စစ်ရေး လေ့ ကျင့်မှု တခုပြုလုပ်ကြောင်း ကြေညာကာ မြောက် ကိုရီးယားက နယ်နိမိတ် ရေပြင်သို့ လက်နက်ကြီးဖြင့် အကြိမ်(၃၀)မျှ ပစ်ခတ် ခဲ့ပြီးနောက် တောင်ကိုရီးယား မရိန်းတပ်က အကြိမ် (၁၀၀) တုန့်ပြန် ပစ်ခတ်ခဲ့သည်။

ဇန်နဝါရီလ (၂၈)ရက် နေ့တွင်လည်း မြောက် ကိုရီးယား သည် လက်နက်ကြီးဖြင့် အကြိမ် (၈၀)ကျော် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယားပိုင် ယုန်ဗြွမ်းကျွန်း အနီး ရေပြင်ထဲသို့ ကျရောက်ခဲ့ သည်။ တာဝန်ရှိသူ တဦးကမူ မြင်ကွင်း မှုန်ဝါးမှုကြောင့် နယ်နိမိတ်စည်း၏ မည်သည့် အ ခြမ်း ဖက်သို့ အမြှောက်ဆံများ နီးနီးကပ်ကပ် ကျရောက်ခဲ့သည်ကို အတိအကျ မပြောနိုင်ကြောင်း ဝန်ခံ ခဲ့သည်။

အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ အတွင်း ထိခိုက်သေဆုံးခြင်း မရှိဟု တောင်ကိုရီးယား သတင်းဌာန များကဆိုသည်။ အနောက်ဘက် ပင်လယ်တွင် ရေပိုင်နက် နယ်နိမိတ် စည်းပေါ်သို့ လက်နက်ကြီးများ ပစ်ခတ်နေမှု အတွက် တောင်ကိုရီးယားက စိုးရိမ်ကြောင်း မြောက်ကိုရီးယားထံ တရားဝင် အကြောင်းကြားစာ ပေးပို့ ခဲ့သော် လည်း မြောက်ကိုရီးယား ကမူ စစ်ရေးလေ့ကျင့်မှု အနေနှင့် ပြုလုပ်သော လက်နက်ကြီး ပစ်ခတ်မှုများကို ဇန်နဝါရီလ (၂၆)ရက် နေ့အထိ ဆက်လက် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။

ယခုကဲ့သို့ တဖက်နှင့် တဖက် အားစမ်း ပစ်ခတ်မှုများ ပြုလုပ် နေသည့်တိုင် ဖေဖော်ဝါရီလ (၁)ရက် နေ့တွင် နှစ် နိုင်ငံ စက်မှု လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ကြိုတင် စီစဉ် ထားသည့် အတိုင်း ပြုလုပ် သွားဖွယ်ရှိကြောင်း တောင်-မြောက် နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရပုဂ္ဂိုလ် ချန်ဟေဆန်းက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here