ကာလင်း ဖလားအကြို ဗိုလ်လုပွဲ ဒုတိယပွဲစဉ် မန်ယူ အနိုင်ရ

alt

ဇန်နဝါရီလ (၂၇)ရက် နေ့က ကားလင်း ဖလား အကြို ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွင် အ နိုင် ရရှိပြီးနောက် မန်ချက်စတာ ယူနိုက်တက် သည် ဗိုလ်လုပွဲတွင် အက်စတွန်ဗီလာ နှင့် တွေ့ ဆုံခွင့် ရရှိတော့မည် ဖြစ်သည်။

ထိုပွဲတွင် ယူနိုက်တက် က ခါးသီးလှသည့် တမြို့ ထဲနေ ဒေသခံပြိုင်ဖက် မန်ချက်စတာ စီးတီး အား (၃-၁) ဖြင့် အနိုင်ရ ရှိခဲ့သည်။ စီးတီး သည် ပထမအကျော့ အိမ်ကွင်း ပွဲစဉ်တွင် (၂-၁) ဖြင့် အ နိုင် ရခဲ့သော်လည်း နှစ်ကျော့ ပေါင်း ရလဒ်အရ ပြိုင်ပွဲကို စွန့်ခွာသွားရပြီ ဖြစ်သည်။

စီးတီးအသင်းမှ တိုက်စစ်မှူး ကားလို့တီဗက်စ် က ချေပဂိုး တဂိုး သွင်းယူပြီးနောက် (၂-၁) ဖြစ် နေသဖြင့် အချိန်ပို ကန် ရမည်ဟု ပရိသတ်များက မျှော်လင့် နေခဲ့သော်လည်း ယူနိုက်တက် တိုက် စစ်မှူး ဝိန်းရူနီက နောက်ဆုံး မိနစ်တွင် တတိယ ဂိုးကို သွင်းယူ ပေးခဲ့သောကြောင့် စီးတီးအသင်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ယူနိုက်တက် အတွက် ဦးဆောင် ဂိုးများကို ပေါစခိုးလ် နှင့် မိုက်ကယ်ကာရစ် တို့က သွင်းယူ ပေးထားခြင်း ဖြစ်သည်။ စီးတီး နည်းပြသစ် ရောဘတ်တို မန်စီနီ သည် ယခု ဖ လားအား အရ ယူချင်ကြောင်း ပြောကြား ထားသော်လည်း ယူနိုက်တက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိချေ။

ယူနိုက်တက်သည် ကားလင်းဖလား လက်ရှိ ချန်ပီယံဖြစ်ပြီး ထိုပြိုင်ပွဲကို လူငယ်များဖြင့်သာ အဓိကထား ယှဉ်ပြိုင်လေ့ ရှိသော်လည်း စီးတီး နှင့် တွေ့ဆုံရာတွင်မူ အဓိက က စားသမား များနှင့် လူစုံတက်စုံ ကစားသွားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here