မင်းသား ဂျော်နီဒိ(ပ်) သေဆုံးသွားသည့် အင်တာနက် ကောလဟာလများ ထွက်ပေါ်ခဲ့

alt

မိမိ အနေနှင့် ကျန်းမာရေး ကောင်းပြီး ပျော် ပျော်ရွှင်ရွှင်ပင် ရှိနေကြောင်း မင်းသား ဂျော်နီ ဒိ(ပ်) က ကြေညာခဲ့သည်။ Pirates of Caribbean မင်းသားသည် ယာဉ် တိုက်မှု တခုအတွင်း သေဆုံး သွားကြောင်း

အင်တာနက် မှတဆင့် ကောလဟာလများ ပျံ့နှံ့ လာခြင်းကြောင့် ဒိ(ပ်)က ယခုလို ရှင်းချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။

CNN ၏ အများပြည်သူ လွှင့်တင်နိုင်ရန် ဖန် တီး ပေးထားသော သတင်း Page တွင် ဒိ(ပ်) မှာ ပြင်သစ် နိုင်ငံ၊ ဘောဒိုးမြို့ အတွင်း ယာဉ် တိုက်မှု ဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း ရေးသားထားပြီး ယာဉ် အပျက်အစီး များ၏ ပုံ ကိုပါ ဖော်ပြထားရာမှ ကောလဟာလ ကြီးထွား လာရခြင်း ဖြစ်သည်။

ထို့အပြင် သတင်းမှား ဖြန့်ချီသူက ဒိ(ပ်)သည် သေဆုံးချိန်တွင် အရက် အလွန်အကျွံ သောက် ထားသည်ဟု ရဲများက ဖော်ထုတ် တွေ့ရှိ ခဲ့ကြောင်းပါ ခပ်တည်တည်နှင့် ဖော်ပြ ထားသည်။ ထို သတင်းအား Twitter ဝဘ်ဆိုဒ် အသုံးပြုသူ များက Forward များ ပြုလုပ်ကြပြီး နောက် ရှင်းရ ခက်လောက်အောင် ကြီးကျယ် သွားခဲ့ကြောင်း မင်းသားက ဆိုသည်။

ထို့နောက်တွင် မင်းသားအား ချစ်ခင်သည့် ပရိသတ်များက သောကပွေကာ အင်တာနက်တွင် သတင်း အချက် အလက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ Search Engine တခုက ဒိ(ပ်)၏ အမည်ဖြင့် လူ (၁၃)သန်းမျှ တပြိုင်တည်း ဝင်ရောက် ရှာဖွေသည်ကို ကြံုခဲ့ရကြောင်း ပြောကြားခဲ့သည်။

အသက် (၄၆)နှစ် အရွယ်ရှိ Public Enemies မင်းသားက ၎င်းသည် ကျန်းမာရေး ကောင်း မွန်ပြီး သက်ရှိ ထင်ရှား ရှိနေဆဲ ဖြစ်ကြောင်း နောက်ပိုင်းတွင် ပရိသတ်များအား ကြေညာချက် ထုတ်ပြန် ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here