Apple iPad tablet စတင် မိတ်ဆက်

alt

iPad ကို စတင် မိတ်ဆက်လိုက်ခြင်း ဖြင့် နှစ်ရှည် လများ နာမည်ကြီး နေသည့် Tablet ကွန်ပြူတာ ကောလဟာလ များကို Apple က အဆုံးသတ် လိုက်ပြီဖြစ်သည်။

(၄၉၉) ဒေါ်လာဖြင့် စတင် ရောင်းချမည့် iPad သည် Touchscreen နည်းပညာ အသုံးပြုထားပြီး မူလက လေ့လာသူ များ ကြို တင် ခန့်မှန်းထားသည် ဒေါ်လာ(၁၀၀၀) ဝန်း ကျင် ဈေးနှုန်းထက် ထက်ဝက်မျှ သက်သာနေခဲ့ သည်။

Apple ၏ CEO ဖြစ်သူ စတိဂျော့ဘ် က iPad အား အသုံးပြုသူ များအနေနှင့် စာဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် အခြားသော လုပ်ငန်းဆောင်တာ အချို့အတွက် အလွန် အသုံးဝင်မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ မျက်နှာပြင် အကျယ် (၉.၇)လက်မ ရှိသော iPad အား လာမည့် (၂)လအတွင်း အင်တိုက်အားတိုက် ရောင်းချသွားရန် Apple က မျှော် လင့်ထားသည်။

iPad သည် လက်မဝက်သာ အထူရှိပြီး (၁.၅)ပေါင် လေးလံသည်။ ၎င်းသည် ဒီဇိုင်း တည် ဆောက်ပုံ အရ Apple ၏ နာမည်ကျော် iPhone နှင့်တူညီပြီး အရွယ်အစား ပိုကြီးခြင်းသာ အဓိက ကွာခြားသည်။ iPad တွင် ပါဝင်သော လုပ်ကိုင်နိုင်သည့် စွမ်း ဆောင်ရည်သည် Smartphone ထက် သာလွန်ပြီး Laptop များလောက်လဲ မမြင့်သေးချေ။ Storage ပမာဏအတွက် 16၊ 32 နှင့် 64 GB အထိ Flash Memory များ ထည့်သွင်း ပေးထားသည်။ ထို့အပြင် Wi-Fi နှင့် Bluetooth ချိတ်ဆက်မှုများလည်း အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့အပြင် ဘက်ထရီ သက်တမ်းမှာလည်း (၁၀)နာရီ အထိ ကြာရှည်စွာ ခံနိုင်ရည်ရှိကြောင်း ဂျော့ဘ် ကဆိုသည်။ 451 Group ခေါ် မိုဘိုင်းကိရိယာ လေ့လာရေး အေဂျင် စီ တခုမှ ပညာရှင်တဦး ဖြစ်သည့် ရေဗန်ဇာခါရီက iPad သည် Laptop များနေရာတွင် အနာဂတ်၌ အပြည့်အဝ အစားထိုးနိုင်မည့် Touchscreen နည်းပညာသုံး ခြေလှမ်းသစ် တရပ်ဟု ချီးကျူးခဲ့သည်။ သို့သော်လည်း ဖောရက်စတာ သုတေသန ဌာနမှ ဂျိမ်းမက်ကွီဗီ က ၎င်းအနေနှင့် iPad သည် သုံးစွဲသူများ လိုအပ်သမျှ ဖြည့် ဆည်းပေးနိုင်မည့် Application များ ဖော်ထုတ်ပေးနိုင်ရန် သံသယ ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင် များနှင့် မှတ်တမ်းများ မျှဝေနိုင်သည့် Social Feature များ ပါမလာခြင်း ကိုလည်း ရေဗန်က ဝေဖန် ထောက်ပြခဲ့သည်။ ဈေးကွက် လေ့လာသူများက iPad ထွက်ပေါ် လာခြင်းသည် eBook Reader ဈေးကွက်ကို လွှမ်းမိုးထားသည့် Amazon ၏ Kindle Reader အတွက် အဓိက ခြိမ်းခြောက်မှု တခု ဖြစ်လာနိုင်ကြောင်း သုံးသပ် ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here