အိန္ဒိယ နိုင်ငံတွင် ကိုးနှစ်အရွယ် ရုရှားနိုင်ငံသူ မုဒိမ်းကျင့် ခံရ

alt

အသက် (၉)နှစ်သာ ရှိသေးသည့် ရုရှားနိုင်ငံသူ ကလေးမလေး မုဒိမ်း ကျင့်ခံရသည့် ကိစ္စကြောင့် အိန္ဒိယရဲများ အလုပ်ရှုပ်နေကြောင်း သိရှိရသည်။ နိုင်ငံ အနောက်ပိုင်း ဂိုအာရ် ပြည်နယ်ရှိ ပင်လယ်ကမ်းခြေ

တခုတွင် ယင်း မိန်းကလေးမှာ အဓမ္မပြုကျင့် ခံခဲ့ရခြင်းဟု ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတဦးက အတည်ပြု ပြောဆိုခဲ့သည်။

ကလေးမလေးနှင့် သူမ၏ မိခင်တို့သည် အာရမ်ဘို ကမ်းခြေတွင် ဇန်နဝါရီလ (၂၆)ရက် နေ့က အတူ ရှိနေခဲ့ကြောင်း၊ ထို့နောက် အိန္ဒိယ အမျိုးသား နှစ်ဦးသည် ယင်းတို့ သားအမိထံ ချဉ်းကပ် လာပြီး တဦးက မိခင်နှင့် စကားပြော နေခဲ့ကြောင်း၊ ကျန်တဦးကမူ ကလေးမလေး ရေကစား နေရာ ပင်လယ်ထဲ ဆင်းပြီး မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။

ဆေးစစ်ချက် မှတ်တမ်းများ အရ မိန်းကလေးမှာ အမှန်တကယ် ကျူးလွန် ခံထားရကြောင်း သိရှိ ရသည်။ ယခုအခါ ဂိုအာရ် ပြည်နယ် ရဲတပ်ဖွဲ့သည် မုဒိမ်း ကျင့်သူများအား ခြေရာ ခံလျှက်ရှိပြီး မကြာမီ ကာလအတွင်း လွယ်ကူစွာ ရှာဖွေနိုင်ရန် ထိုသူနှစ်ဦး၏ ပုံကြမ်းကို ထုတ်ဝေသွားမည်ဟု သိရှိရသည်။

ပြီးခဲ့သည့် လကလည်း ရုရှား အမျိုးသမီး တဦးက သူမအား ဂိုအာရ်ရှိ ဒေသခံ အိန္ဒိယ လူမျိုးတဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ရဲများထံ တိုင်ကြားထားရာ ယခု ပြဿနာ ကြောင့် ဂိုအာရ် ရဲတပ်ဖွဲ့မှာ တပူပေါ် နှစ်ပူဆင့် အဖြစ်မျိုး ကြံုတွေ့နေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here