သူခိုးမှန်း မသိတော့ ခင်ပွန်းသည်ဟု ထင်သည့် တရုတ်ပြည်မှ အဖြစ်

alt

တရုတ်နိုင်ငံမှ အမျိုးသမီး တဦးသည် ညကြီး သန်းခေါင် အံ့ဩ ထိတ်လန့် စရာ ကြံုတွေ့ခဲ့ရ ကြောင်း ချိုင်းနား ဒေးလီး သတင်းစာသို့ ထုတ် ဖေါ် ဝန်ခံလိုက်ကြောင်း သိရှိရသည်။

ကွီဟုသာ အမည် ဖော်ပြထားသော အမျိုးသမီး သည် အိပ်ပျော်နေရာမှ တရေးနိုးပြီး ခင်ပွန်း သည်နှင့် လိင် ဆက်ဆံရန် ကြိုးပမ်းခဲ့ရာ ထိုသူမှာ ခင်ပွန်း မဟုတ်ဘဲ သူခိုး ဖြစ်နေကြောင်း တွေ့ ရှိခဲ့ ရသည်။

ခြောက်ခြောက်ခြားခြား အဖြစ်နှင့် ကြံုခဲ့ရသည့် ကွီက သူမသည် ဟူနန်ခရိုင် ချန်ရှာ အရပ်ရှိ နေ အိမ်တွင် အခင်း ဖြစ်ပွား အိပ်ပျော်နေခဲ့ကြောင်း၊ သူမ တရေးနိုး လာချိန် မှောင်မည်းမည်းတွင် တစုံတယောက် အိပ်ခန်းထဲ ဝင်လာ သည်ကို သတိပြု မိခဲ့ကြောင်း၊ ထိုသူသည် ဘေးအိမ်သို့ သွား လည်နေရာမှ ပြန်ရောက်လာသည့် ခင်ပွန်းသည်ပင် ဖြစ်ရမည်ဟု တထစ်ချ ယုံကြည်မိသဖြင့် ယင်း အပေါ် ခုန်အုပ်ကာ လိင် ဆက်ဆံရန် ကြိုးပမ်းခဲ့ရာမှ လူစိမ်းတဦး ဖြစ် နေမှန်း သိခဲ့ရခြင်း ဖြစ်ကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။

သူမသည် အရှိန်ကောင်း နေစဉ် ရုတ်တရက် သတိမထား မိသော်လည်း ထိုသူက သူမအား အိပ်ရာပေါ် လှဲချပြီး ချိန် ကျမှ ခင်ပွန်းသည်၏ ဆံပင် မဟုတ်သည်ကို ထိတွေ့ကာ အထိတ်တလန့် သိလာ ခဲ့ရကြောင်း ကွီက ဆိုသည်။ ထို့ ကြောင့် ကွီက မီးများကို အလျင်အမြန် ထဖွင့်ခဲ့ရာ ဖောက်ထွင်းမှု ကျူးလွန်ရန် ရောက်လာသည့် လူစိမ်းအား မျက် ဝါးထင်ထင် တွေ့ရှိပြီး ငယ်သံပါအောင် အော်ဟစ်ခဲ့တော့သည်။

ထိုအချိန်တွင် ကွီ၏ ခင်ပွန်းမှာ အိမ်နီးချင်း တဦးထံ မာကျောက် ဖဲ သွားကစားလျက် ရှိသည်။ ကွီ၏ အသံကို ကြားပြီး နောက် ခင်ပွန်းသည်မှာ အိပ်ခန်းထဲ ပြန်ပြေး ဝင် လာပြီး သူခိုးကို အတင်း ဖမ်းချုပ်ကာ ရဲများ ရောက်ရှိလာချိန် အ ထိ ဖမ်းဆီးထား နိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here