သီရိလင်္ကာ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရ

alt

တမီလ် ကျားသူပုန် များအား အောင်မြင်စွာ ချေမှုန်း တိုက်ခိုက်ပြီးနောက် ပထမဆုံး ပြန်လည် ကျင်းပသည့် သီရိလင်္ကာ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ မဟင်ဒါ ရာဂျာပက်ဆာ ပင် အနိုင် ရရှိ သွားကြောင်း

အစိုးရ ရုပ်မြင် သံကြားဌာနက ကြေညာခဲ့သည်။

၎င်းသည် တောင် အာရှနိုင်ငံ၏ (၂၅)နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ် စေခဲ့သူလည်း ဖြစ်သည်။ မဲရေတွက်မှု ရလဒ်ကို တရားဝင် မကြေညာ သေးသော်လည်း မဟင်ဒါသည် စုစုပေါင်း မဲ အရေအတွက်၏ ထက်ဝက်ကျော်ကို ရရှိခဲ့ကြောင်း အစိုးရ ရုပ်မြင်သံကြား ဌာနက ဖော်ပြ သွားခဲ့သည်။

၎င်း၏ အဓိက ပြိုင်ဖက်ဖြစ်ပြီး တမီလ် ကျားသူပုန် များအား ချေမှုန်းခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်း ဆာရက် ဖွန်ဆီကာ မှာ ယခုတိုင် ကိုလံဘို ဟိုတယ်တွင် ဆက်လက် တည်းခိုနေဆဲ ဖြစ်ပြီး တစုံတရာ ဝေဖန်ချက် မပေးသေးချေ။ ဇန်နဝါရီလ (၂၇)ရက်နေ့၊ ရုပ်မြင်သံကြား ဌာန၏ ကြေညာချက် ထွက်ပေါ်လာ ပြီးနောက် ဖွန်ဆီကာ တည်းခိုနေသည့် ဟိုတယ် အနီးတွင် စစ်သား (၁၀၀)ကျော်ကို လုံခြံုရေး တင်းတင်းကြပ်ကြပ် ချထားရာ တင်းမာမှုများ ရှိနေသည့် အခြေအနေမျိုး ဖြစ်နိုင်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော်လည်း စစ်ဖက်ကမူ လုံခြံုရေး အတွက်သာ စစ်သည်များကို တပ်ဖြန့်ထားခြင်းဟု ကြေညာ ထားသည်။ ဖွန်ဆီကာ က ၎င်းသည် ရွေးကောက်ပွဲတွင် အနိုင်ရပါက အစိုးရ စစ်တပ်က ဝင်ရောက် ဖမ်းဆီးမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည် ဆိုသော သတင်းများအား ငြင်းဆန် ထားခဲ့သည်။ သတင်းများ အရ မဲအရေအတွက် (၈၅) ရာခိုင်နှုန်း အထိ ရေတွက် ပြီးချိန်တွင် လက်ရှိ သမ္မတမှာ မဲ အရေအတွက် (၅)သန်းမျှ ရရှိနေပြီး ဖွန်ဆီကာ ကမူ (၃.၅)သန်း မပြည့်သေးကြောင်း ရွေးကောက်ပွဲ ကော်မတီ က ပြောကြားခဲ့သည်။

အစိုးရပိုင် ရုပ်မြင်သံကြား ဌာန Rupavahini က သမ္မတသည် အဓိက လိုအပ်သည့် မဲ အရေအတွက် (၁.၈)သန်းကျော် ကိုလည်း ရရှိထားပြီး ဖြစ်သဖြင့် နိုင်ငံ၏ ဥပဒေ အရ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာနေကြောင်း ကြေညာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here