အမေရိကန် လေယာဉ် ဂေါက်တွင်း အတွင်း အရေးပေါ် ဆင်းသက်

alt

အမေရိကန်နိုင်ငံ၊ ဟူစတန်တွင် လေယာဉ် တစင်းသည် အင်ဂျင်ပြဿနာ ပေါ်ပေါက် လာပြီးနောက် ဂေါက်ကွင်း တခုထဲ အရေးပေါ် ထိုးဆင်း လိုက်ရကြောင်း သိရှိရသည်။

တက္ကဆက် ဂေါက်ကွင်း အတွင်း ဇန်နဝါရီလ (၂၅)ရက် နေ့က ဆင်းသက်ခဲ့သော လေယာဉ်မှူးက တစုံတရာ ဒဏ်ရာ မရခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ လေယာဉ်မှူး ဘရင်ဒန်ဖို့ဒ် သည် လာဖေတီ မှ စတင် ပျံသန်းလာပြီး မိနစ်(၄၀) အကြာတွင် အင်ဂျင် ဖောက်ပြန်မှုကို ရင်ဆိုင်ခဲ့ရ ခြင်း ဖြစ်သည်။

ထို့နောက်တွင် အရေးပေါ် လေယာဉ် ဆင်းသက်ရန် အဖြစ်နိုင်ဆုံး အခြေအနေရှိသည့် ဂေါက် ကွင်း ၏ Fairway အား ၎င်း၏ ကံကြမ္မာအတွက် ရွေးချယ်လိုက်ကြောင်း ဖို့ဒ် ကဆိုသည်။ Hermann Park ဂေါက်ကွင်းတွင် ကစားနေသော ဂေါက်သီးသမား များသည် အရှိန်ဖြင့် ယိုင်တိ ယိုင်တိုင် ထိုးဆင်းလာသည့် လေယာဉ်အား ပါးစပ် အဟောင်းသားဖြင့် ငေးကြည့် နေခဲ့ကြသည်။

လေယာဉ်မှူးဖို့ဒ် က မိမိအနေနှင့် ကံကောင်း ထောက်မသောကြောင့် အလွန်ကောင်းသော ဂေါက်ကွင်း တခုတွင် ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Hermann Park ဂေါက်ကွင်း အား ချီးကျူးခဲ့သည်။ ဖို့ဒ် ၏ လေယာဉ်လေးသည် အန္တရာယ်ကင်းကင်းဖြင့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် လေကြောင်း ပို့ ဆောင်ရေး ဌာနသည် ယခုဖြစ်စဉ်၏ အသေးစိတ်ကို လေ့လာ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here