ဖူဟမ် ခံစစ်မှူး ခရစ်စမောလင်းအား မန်ယူအသင်းမှ ခေါ်ယူလိုက်

alt

မန်ချက်စတာ ယူနိုက်တက်သည် ဖူဟမ် ခံစစ်မှူး ခရစ်စမောလင်း အား ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရှိ ရသည်။ အလား အလာရှိ သွေးသစ် လူငယ် ကစားသမား

လေးသည် ယခုနှစ် ရာသီ ကုန်ချိန် အထိ ဖူဟမ်တွင် ဆက်ရှိနေမည် ဖြစ်သော်လည်း လာ မည့် နွေ ရာသီ အပြောင်းအရွှေ့ ကာလတွင် အင်္ဂလန် ချန်ပီယံကလပ် အသင်းသို့ လာရောက် ပူး ပေါင်းရမည် ဖြစ်သည်။

ဗဟိုခံစစ်တွင် အကောင်းဆုံး ကစားနိုင်သည့် စမောလင်းသည် ပြိုင်ပွဲဝင် မဟုတ်သည့် အ ပျော်တမ်း ကလပ်အသင်းလေး တခုတွင် ဘောလုံးသမား ဘဝ စတင်ခဲ့ပြီး နောက် (၂၀၀၈) ခုနှစ်တွင် ဖူဟမ်နှင့် စာချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဖူဟမ် အတွက် (၄)ပွဲသာ ကစားပေး ရသေးသည့်တိုင် အကောင်းဆုံး ခြေစွမ်း ပြနိုင် ခြင်းကြောင့် အာဆင်နယ် ကလည်း အသည်းအသန် စိတ်ဝင်စား ခဲ့သေးသည်။ ယူနိုက်တက် အတွင်း လူအချို့၏ အဆိုအရ နည်းပြ ကြီး ဆာအဲလက်စ် ဖာဂူဆန်သည် အသက်(၂၀) သာ ရှိ သေးသည့် လူငယ် သွေးသစ်လေး အတွက် ပေါင်စတာလင် (၇) သန်း သုံးခဲ့ကြောင်း သိရှိရသည်။

ယူနိုက်တက်သည် စမောလင်း အား စာချုပ်လိုက်ခြင်း ကြောင့် ဆာဘီးယား ခံစစ်မှူး နီမန်ဂျာ ဗီဒစ် အား စိတ်ဝင် စား နေသည့် ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ ကလပ် အသင်းကြီး များသည် နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ပိုမို အားထည့် ကြိုးပမ်းလာဖွယ် ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here