ဂိမ်းဆော့ရာမှ စကားများကာ ဖခင်အား သားဖြစ်သူက ဓားဖြင့်ထိုး

alt

ဖခင်နှင့် ဂိမ်းအတူ ဆော့ရင်း အချင်းများ ရာမှ အီတလီ ဆယ် ကျော်သက် လူငယ်လေး တဦး သည် ဖခင်၏ လည်ပင်းကို ဓားဖြင့် ထိုးလိုက်ကြောင်း သိရှိ ရသည်။

ဇန်နဝါရီလ (၂၅)ရက် နေ့က အီတလီ သတင်း ဌာန များတွင် ဖော်ပြမှုအရ တူရင်မြို့ တွင် နေထိုင်သော အသက်(၁၆)နှစ် အရွယ် လူငယ် လေး တဦးသည် ဖခင်နှင့် FIFA Soccer 2009 Playstation ဂိမ်းကို အတူ ကစား နေရာမှ အချင်းချင်း စကားများခဲ့ကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ယင်းလူငယ် ဝန်ခံမှု အရ ၎င်း သည် စိတ်မထိန်း နိုင်အောင် ဖြစ်သွားမိ ကြောင်း သိရသည်။ ဖခင်က ၎င်းအား မည်သို့မည်ပုံ ကစားသင့်သည်ကို ဆရာလုပ်ခဲ့ရာ လူငယ်က မိမိ အနေနှင့် မည် သို့ ကစားရမည်ကို ကောင်းကောင်းသိကြောင်း တုန့်ပြန်ခဲ့သည်။

ထို့နောက်တွင် ၎င်းက မရပ်နားချင်သေး သည့်တိုင် ဖခင်ဖြစ်သူက ဂိမ်းစက်ကို ပိတ်လိုက်ရာ လူငယ်က မီးဖိုခန်းထဲ ဝင်ပြီး ဓားတချောင်း ယူကာ ဖခင်၏ လည်ပင်းကို ထိုးလိုက်တော့သည်။ ထို့နောက်တွင် ဖခင်အား ဧည့်ခန်းထဲမှာပင် ထားခဲ့ကာ ဓားကို ရေချိုးခန်း ထဲတွင် ဆေးကြောပြီး အိပ်ခန်းထဲ ဝင်အိပ် နေခဲ့သည်။

သို့သော်လည်း ထိုလူငယ်၏ မိခင် ပြန်ရောက်လာပြီး နောက် သွေးအလိန်းလိန်း ဖြစ်နေသော ခင်ပွန်းသည်ကို တွေ့ ရှိကာ ရဲထံ ကြောက်လန့်တကြား အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် ဆေးရုံးကား တစင်း အလျင် အမြန် ရောက်လာပြီး နောက် ဖခင်ဖြစ်သူအား အလျင်အမြန် ခေါ်ဆောင်သွား ရသည်။

ထိုသူသည် အခြေအနေ အလွန်ဆိုးနေသော်လည်း ကံကောင်း ထောက်မစွာဖြင့် အသက်ရှင် နေခဲ့ကြောင်း သိရှိ ရသည်။ ရဲများက သားဖြစ်သူသည် ၎င်းတွင် အပြစ်ရှိ ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားပြီး ဖြစ်စဉ်အပေါ် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here