အာဖဂန်နစ္စတန်သို့ ဂျာမန်စစ်သားများ ထပ်မံ စေလွှတ်မည်

alt

ဂျာမနီ အစိုးရက အာဖဂန် နစ္စတန်သို့ စစ်သည် များ အင်အားဖြည့် ပို့လွှတ် သွားမည် ဖြစ် ကြောင်း အတည်ပြု ပြောဆို လိုက်သည်။ ဂျာမန် အစိုးရသည်

အမေရိကန်၏ ပန်ကြားချက်ကို လက်ခံကာ အာဖဂန် စစ်မြေပြင်သို့ နောက်ထပ်စစ်သည် (၅၀၀) ကို အင်အားဖြည့် စေလွှတ်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ (၂၆)ရက် နေ့က ကြေညာခဲ့သည်။

ဂျာမန် အဓိပတိ အိန်ဂျလာမာကဲယ် က အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်း၊ ဘာလင် မြို့တော်သို့ လာရောက် လည်ပတ်မှုကို လက်ခံတွေ့ဆုံစဉ် ယခုလို ပြောကြားသွားခြင်း ဖြစ်သည်။ ဂျာမန် တပ်ဖွဲ့များ အနေနှင့် အာဖဂန် လုံခြံုရေး တပ်ဖွဲ့များကို ကူညီ ထောက်ပံ့ရန်နှင့် ပြည်သူများ အား ကာကွယ်ပေးရန် တာဝန် ယူသွားမည် ဖြစ်ကြောင်း မာကဲယ်က ဆိုသည်။

ဂျာမနီ အစိုးရ အနေနှင့် အာဖဂန် အစိုးရ၏ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်သည့် အနေ နှင့် ယခုလို စစ်သည်များ စေလွှတ်ခြင်း ဖြစ်ကြောင်းလည်း မာကဲယ်က ပြောကြားသွားခဲ့သည်။ မကြာမီ အချိန်အတွင်း အင်အား ဖြည့်တင်းပေးမည့် ဂျာမန် စစ်သည်များသည် အာဖဂန်တွင် ကြိုတင်ရောက်ရှိ တာဝန် ထမ်းဆောင်နေသည့် ဂျာမန် စစ်သည် (၄၃၀၀) နှင့် သွားရောက် ပူးပေါင်းမည် ဖြစ်သည်။ ဂျာမန် စစ်တပ်သည် အာဖဂန် အတွက် အပိုဆောင်း စစ်သည် (၃၅၀) ကိုလည်း အသင့် အနေအထား ပြင်ဆင်ထားသည်။ သို့သော်လည်း ယင်းတို့အား အာဖဂန်သို့ ပို့လွှတ်ရေး အတွက်မူ ဂျာမန် အစိုးရက အတည်မပြု သေးချေ။

မာကဲယ် က ယခုအချိန်တွင် စစ်သည်များ အာဖဂန်သို့ အင်အားဖြည့်တင်း ပို့လွှတ် နေသော်လည်း အမေရိကန် သမ္မတ ဘာရက်အိုဘားမား ရည်ရွယ်ထားသည့် အတိုင်း အာဖဂန် စစ်ပွဲကို (၂၀၁၁) ခုနှစ်တွင် အပြီးသတ်ကာ စစ်သည်တော် အားလုံး အမိမြေသို့ ပြန်လာခွင့် ရရန် မျှော်လင့်ထားကြောင်းလည်း သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here