အကြမ်းဖက် ဗုံးခွဲမည့်သူ ၁၁ဦး ဖမ်းဆီးမိဟု စစ်အစိုးရ ထုတ်ပြန် ကြေညာ

alt

မြန်မာ စစ်အစိုးရ က အကြမ်းဖက် သမားများ ဟု ယူဆသော လူ ၁၁ဦးကို ဖမ်းဆီးထား ကြောင်း၊ ဆင်ဟွာ သတင်းတွင် ဖေါ်ပြထား သည်၊ ထိုသူများသည် လွန်ခဲ့သောနှစ် စက်တင် ဘာ လ အတွင်း က

ရန်ကုန်မြို့ရှိ လှိုင်သာယာ စက်မှုဇုန်တခုတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများကို စီစဉ်ခဲ့သူ များ ဖြစ်သည်ဟု စစ်အစိုးရ မီဒီယာများ ဖြစ်သော မြန်မာ့အသံ ရေဒီယိုနှင့် သတင်းစာ များက ဆိုသည်။

ယခင် အပါတ် ဇန်နဝါရီလ ၂၂ရက်နေ့က အကြမ်းဖက်မှု ဦးဆောင်သူ ကျော်ဇေလင်း(ခ) ကို ဆိုင်း အား မင်္ဂလာဒုံ မြို့နယ် ကုန်းတလပေါင် ရွာရှိ သူ၏ ပဥ္စမအလင်း စာအုပ် အဋ္ဌားဆိုင်တွင် လက်ရ ဖမ်းဆီးမိခဲခြင်း ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တို့တွင် ဖေါ်ပြထားသည်။

ဖမ်းဆီးမှုတွင် ညီဖြစ်သူ ကျော်ဝင်းစိန်(ခ) အသေးလေး နှင့် ဆိုင် အလုပ်သမား ၁ဦး အပါအဝင် ပေါင်း ၃ဦး ဖမ်းဆီး ထားသည်ဟု ဆိုကာ လက်လုပ် ချိန်ကိုက်ဗုံး ၁လုံး၊ လျှပ်စစ် ဒီတိုနေတာ ၁၇ ခု ၊ တရုတ်လုပ်နာရီ ၁၇လုံး၊ ယမ်းမှုန့်ထည့်ထားသော ၅လက္မပတ်လည် စက္ကူဘူး ၈ဘူး၊ ဝါယာကြိုး၂ခွေ၊ PC ကွန်ပြူတာ တစုံ နှင့် ACES R 190 Satellite အမျိုးအ စား ဂြိုလ်တုဖုန်း တလုံး၊ စပိန် နိုင်ငံလုပ် Astra MOD 3000 အမျိုးအစား ဒဿမ 32 ပစ္စတိုတလက်၊ ဖေါက်ခွဲရေးသုံး ပစ္စည်းပစ္စရ ၃၃မျိုးကို သိမ်းဆည်း ရမိ ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခင်နှစ် စက်တင်ဘာလ နှင့် ယခုနှစ် ဇန်နဝါရီ အထိ ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ် အတွင်းရှိ လှိုင်သာယာနှင့် ရွှေပေါက္ကံ မြို့နယ် စက်မှုဇုန်များတွင် ည သန်းခေါင်ယံမှ အရုဏ်ဦး အချိန်အထိ အချိန်နေရာ မတူပဲ လေးနာရီ အတွင်း ဖေါက်ခွဲခဲ့မှုဟု ဆိုသည်။

ဆက်လက် စစ်ဆေးချက် အရ စောနေထူး(ခ) ကရင် ၊ ကျော်လင်းအောင် တို့ အပါအဝင် အခြားသော ရဦးတို့ ဖြစ်ကြပြီး ယခု ဖမ်းဆီးထားသူ များသည်  ပြည်ပ အခြေ စိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Burma Lawyers’ Council- BLC) နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့နှင့် ဆက်စပ်နေကြောင်း စစ်အစိုးရ သတင်းများက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here