ဆော်ဒီမှ ထွက်ခွာခွင့် ပေးရန် ပိတ်မိနေသည့် ယီမင် သူပုန်ခေါင်းဆောင် တောင်းဆို

alt

ဆော်ဒီအာရေဗျ စစ်ကြောင်းများက ဝန်းရံပိတ်ဆို့ ထားမိသောကြောင့် နိုင်ငံ၏ တောင်ပိုင်းတွင် ပိတ် မိနေသည့် ယီမင် သူပုန်တပ်ဖွဲ့ ခေါင်းဆောင်က မိမိတို့အား ဆော်ဒီမှ အေးဆေးစွာ ထွက်ခွာခွင့် ပေး ရန် တောင်းဆို လိုက်သည်။

ဇန်နဝါရီလ (၂၅)ရက် နေ့တွင် အက်ဒယ်မာလစ် အယ်လ်ဟူသီ က မိမိတို့အား ဆော်ဒီ တောင်ပိုင်းရှိ တောင်ထူထပ်သော နယ်မြေတွင် ဝန်းရံ ပိတ်ဆို့ထားခြင်းမှ ထွက်ခွာခွင့် ပေးရန်နှင့် အပစ်အခတ် ရပ်စဲပေးရန် ဆော်ဒီ အစိုးရအား တောင်းဆိုကြောင်း အင်တာနက် မှတဆင့် ဗီဒီယို Clip တခု လွှင့်တင် တောင်းဆိုခဲ့သည်။

၎င်းတို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ကတည်းက ဆော်ဒီပိုင်နက်သို့ ကျူးကျော်လာခြင်း ဖြစ်ပြီး ဆော်ဒီလေတပ် က အကြိမ်ပေါင်း များစွာ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အင်အား နည်းပါးလာခဲ့ ရသည်။

ဟူသီ သူပုန်များဟု လူသိများသော ယီမင် ခွဲထွက်ရေး ပျောက်ကြားများကို ဦးဆောင်သူ အယ်လ် ဟူသီက ဆော်ဒီအစိုးရက မိမိတို့၏ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်မခံပါက အဖွဲ့ အစည်း၏ ရပ်တည်ရေး အတွက် အပြင်းအထန် တုန့်ပြန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း ခြိမ်းခြောက် သတိပေးခဲ့ သေးသည်။

ယင်းတို့သည် ဆော်ဒီနိုင်ငံသို့ ဝင်ရောက်လာကာ တောင်ထူထပ်သည့် ဒေသတခုကို တပ်စွဲ သိမ်းပိုက် ထားခြင်းဖြစ်သည်။ ယခုနှစ် အစောပိုင်းက ဆော်ဒီ အစိုးရသည် သူပုန်များအား နိုင်ငံပိုင်နက် အတွင်းမှ မောင်းထုတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ ခဲ့သော်လည်း အယ်လ် ဟူသီ က ငြင်းဆန်ကာ မိမိတို့သည် ဆော်ဒီပိုင်နက် အတွင်း ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဟူသီ အနေနှင့် အပစ်အခတ် ရပ်စဲရေး တောင်းဆို နေသည့်တိုင် ၎င်းတို့နှစ်ဖက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဆော်ဒီစစ်သည် (၁၀၀)ကျော် ကျဆုံးခဲ့မှုကြောင့် ဆော်ဒီ အစိုးရအနေနှင့် အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုကို လိုက်လျောဖွယ် မရှိနိုင်ကြောင်း လေ့လာသူ များက သုံးသပ်ပြောဆို သွားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here