Sony PS3 လုံခြံုရေး စံနစ်အား iPhone Hacker ထိုးဖောက် ဝင်ရောက်ပြ

alt

Sony ၏ နာမည်ကျော် ဂိမ်းစက် ဖြစ်သည့် PS3 သည် လုံခြံုရေး နာမည်ကောင်းဖြင့် (၃)နှစ် ကြာ ရပ်တည်ခဲ့ သော်လည်း ယခုအခါ တွင် ပထမဆုံးအကြိမ် Hack ခံလိုက် ရပြီ ဖြစ်သည်။

PS3 ၏ လုံခြံုရေးစံနစ်ကို ဖြတ်ကျော်ဝင် ရောက်ပြခဲ့သူမှာ Apple ၏ iPhone ကို Jailbreak လုပ်ခဲ့သူ နာမည်ကျော် iPhone Hacker ဂျော့ဟော့စ် ( George Hotz )ပင် ဖြစ်သည်။ ၎င်း သည် iPhone ကဲ့သို့ပင် PS3 ကိုလည်း Jailbreak လုပ်ရန် စဉ်းစားခဲ့ကြောင်း၊ ထို့နောက်တွင် PS3 ၏ System Memory နှင့် Code များကို အပြန်အလှန် သုံးသပ် လေ့လာကာ စမ်းသပ်ခဲ့ ကြောင်း ဂျော့ ကဆိုသည်။

သို့သော်လည်း မိမိ အနေနှင့် PS3 ကို ထိုးဖောက်ရန် အလွန် ခေါင်းစားခဲ့ကြောင်း ကိုမူ ဂျော့က ဝန်ခံ သွားခဲ့သည်။ ယခုအခါတွင် modchip ကို ဖယ်စရာမလိုဘဲ PS3 ကို Hack လုပ်နိုင်ပြီ ဟုလည်း ဂျော့က ဆိုသည်။ ဂျော့သည် PS3 ကို Jailbreak လုပ်ရန် ဆုံးဖြတ်ပြီးနောက် သီတင်း (၅)ပါတ်ကြာ နည်းလမ်းရှာပြီး Hack လုပ်ခဲ့ရကြောင်း ၎င်း၏ Blog တွင် ဖော်ပြထားသည်။

ဂျော့၏ Blog တွင် ဂိမ်းစက်အား Hack လုပ်ရန် ချဉ်းကပ်ခဲ့ပုံ အဆင့်ဆင့်ကိုလည်း မှတ်တမ်းပြုစု ဖော်ပြထားသည်။ ဂျော့က PS3 အား Hack လုပ်ခဲ့သည့် အသေးစိတ် အချက်အလက် များကိုမူ မကြာမီတွင် ဖော်ပြသွားမည်ဟု ကတိပြုထားသည်။

PS3 သည် Hacker များ၏ ထိုးဖောက်မှုကို (၃)နှစ်၊ (၂)လနှင့် (၁၁)ရက်ကြာအောင် တောင့်ခံ ထားခဲ့နိုင်ကြောင်း၊ ယင်းသည် အလွန် ကောင်းမွန်သော လုံခြံုရေး စံနစ်တခု ဖြစ်ကြောင်းကို ညွှန်ပြနေကြောင်းလည်း ဂျော့က ချီးကျူးသွားသည်။ ဂျော့သည် PS3 အား Hack လုပ်သည့် ပရောဂျက်ကို ၎င်း၏ Blog နှင့် Twitter Account တို့တွင် ဖော်ပြထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here