သီရိလင်္ကာ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိစေလိုဟု သမ္မတ ပြောကြား

alt

သီရိလင်္ကာ သမ္မတက ပြည်တွင်းစစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိစေလိုကြောင်း တိုက်တွန်းပြောကြား လိုက်သည်။ တမီလ် ကျားသူပုန် တို့ နှင့် နောက်ဆုံး တိုက်ပွဲကို

ဆင်နွှဲခဲ့သည့် သမ္မတ မဟင်ဒါ ရာဂျာပက်ဆီက တိုင်းပြည်၏ သမိုင်းဝင် ရွေးကောက်ပွဲတွင် ငြိမ်းချမ်း မှု ရှိစေရန် ပြည်သူအားလုံး ပါဝင်သင့်ကြောင်း ပြောဆိုခဲ့သည်။

သမ္မတ မဟင်ဒါက တမီလ်တို့အား ထိုးစစ်ဆင်ခဲ့သည့် သွေးချောင်းစီး စစ်ပွဲကို ဦးဆောင်ခဲ့သူ ဆာရက် ဖွန်ဆီကာ အနေနှင့် ယင်းလုပ်ရပ်များ၏ လွှမ်းမိုးမှုကို ကျော်ဖြတ်နိုင်ခြင်း ရှိ/မရှိမှာ စိန်ခေါ်မှုတခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

သီရိလင်္ကာ အစိုးရအနေနှင့် ပြည်သူ (၁၄)သန်း တို့အား ငြိမ်းချမ်းသည့် ရွေးကောက်ပွဲ တခုတွင်သာ မဲပေးခွင့် ရစေလိုကြောင်း မာဟင်ဒါက ပြောကြားခဲ့သည်။ ယခုနှစ် ရွေးကောက်ပွဲသို့ သမ္မတလောင်း (၂၂)ဦးက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး တရားမျှတမှု ရှိစေရေးအတွက် သီးသန့် ရွေးချယ်ထားသည့် ပြည်သူ့အာဏာပိုင် (၁၂၀၀၀၀) က မဲရုံများအား စောင့်ကြည့် သွားမည် ဖြစ်သည်။

သီရိလင်္ကာ နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ (၂၅)ရက် နေ့တွင် ပြည်သူ့ မဲရုံမှူးများက မဲလိမ်မှု မဖြစ်စေရေး စတင် တာဝန်ယူ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောဆိုထားလိုက်သည်။ ဇန်နဝါရီလ (၂၆)ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အတွင်း သမ္မတ မဟင်ဒါ နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ဖွန်ဆီကာ တို့သည် အဓိက ပြိုင်ဖက်များ ဖြစ်လာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here