ဟေတီ နိုင်ငံတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်

alt

ငလျင်ဒဏ်ခံ ဟေတီ နိုင်ငံအတွင်း ပိတ်မိ နေခဲ့သော တရုတ်နိုင်ငံသား (၄၈)ဦး တို့ကို တရုတ် အစိုးရ က အထူးလေယာဉ်ဖြင့် တရုတ်ပြည်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ (၁၂)ရက် နေ့က မြောက် အမေရိကတိုက်ရှိ ကျွန်းနိုင်ငံသို့ ဦးတည် လှုပ်ခတ်ခဲ့သည့် ပြင်းအား အဆင့် (၇.၃)ရှိ ငလျင်ကြီးကြောင့် လူပေါင်း (၁၅၀၀၀၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

ဟေတီတွင် ပိတ်မိနေသော တရုတ် နိုင်ငံသားများသည် ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက် မှု ပြီးဆုံးသဖြင့် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာသည့် တရုတ် ကယ်ဆယ်ရေး လုပ်သားများနှင့် အတူ ဇန်နဝါရီလ (၂၅)ရက် နေ့က ဟေတီနိုင်ငံ၊ ပို့ဩပရင့် မြို့တော် လေဆိပ်မှ ပြန်သွားပြီ ဖြစ်ကြောင်း ဟေတီ အစိုးရက ကြေညာသည်။

ယင်းတို့သည် ဟေတီရှိ တရုတ် ကုန်သွယ်ရေး ကိုယ်စားလှယ် ဌာနတွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြပြီး ဟေတီငလျင် လှုပ်ခတ်ပြီးချိန်တွင် တရုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များ၏ စောင့်ရှောက်မှု အောက်တွင် နေထိုင်ခဲ့ရသည်။ ထိုတပ်ဖွဲ့များ ထံမှ သောက် ရေ နှင့် ရိက္ခာများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ခဲ့သူ တဦးက ဆိုသည်။

ဟေတီတွင် ပြင်းထန်စွာ လှုပ်ရှားသွားသည့် ငလျင်ကြီးအတွင်း တရုတ်နိုင်ငံသား ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အထူးတပ်ဖွဲ့ဝင် ရဲအရာရှိ (၈)ဦး တို့မှာလည်း အဆောက်အအုံများ ပြိုကျပိမိပြီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here