လီဗာပူး နည်းပြ ဘင်နီတက်စ် အား ဂျူဗင်းတပ်မှ ဆက်သွယ်နေ ဟုဆို

alt

လီဗာပူး နည်းပြ ရာဖေး ဘင်နီတက်စ် ၏ အေးဂျင့်က စပိန် လူမျိုးနည်းပြကြီး အား ဂျူဗင်းတပ် အသင်းက ဆက်သွယ် မှုများ ပြုလုပ် နေကြောင်း ဝန်ခံ ပြောဆို ခဲ့သည်။

ထို့ကြောင့်လည်း လီဗာပူးတွင် ရုန်းကန်နေ ရသည့် ဘင်နီတက်စ် အနေနှင့် အီတလီ စီးရီးအေ ထိပ်တန်း ကလပ်သို့ ပြောင်းရွှေ့ နည်းပြဖွယ် ရှိကြောင်း သတင်းများက ခန့်မှန်း ဖော်ပြလျက် ရှိသည်။

ဘင်နီတက်စ်၏ အေးဂျင့်ဖြစ်သူ မန်နူရယ် ဂါစီယာကွီလွန် က လောလောဆယ်တွင် ဘင်နီ တက်စ်သည် ဂျူဗင်းတပ်သို့ ပြောင်းရွှေ့ ရန် စိတ်ကူး မရှိကြောင်း ငြင်းဆို ထားသော် လည်း လီဗာပူး ပရိသတ်များက စိုးရိမ် နေကြသည်။ ဂျူဗင်းတပ်သည် ဥရောပတွင် အခမ်းနားဆုံး ကလပ်အသင်း တခု ဖြစ်ခဲ့သော်လည်း လက်ရှိ အချိန် တွင် အီတလီ စီးရီးအေ အမှတ်ပေး ပြိုင်ပွဲ၌ ရုန်းကန်နေရဆဲ ဖြစ်သည်။

ဘင်နီတက်စ်သည် လီဗာပူးအတွက် လူသစ်ဝယ်ယူရန် တောင်းဆို ထားသော်လည်း အသင်းပိုင်ရှင် များက ငွေထုတ် ပေးရန် ငြင်းဆို ထားခြင်းကြောင့် အသင်းမှ ထွက်ခွာရန် နီးစပ်နေကြောင်း ယခင် ကတည်းက သတင်းများတွင် ခန့်မှန်း ဖော်ပြထားကြသည်။

သို့သော်လည်း လီဗာပူးပိုင်ရှင် တွမ်ဟစ် က ၎င်းပိုင်ဆိုင်သည့် အမေရိကန် ဘေ့စ်ဘောအသင်း တက္ကဆတ် ရိန်းဂျား အား ပေါင်သန်း (၃၁၀)ဖြင့် ရောင်းချခဲ့ပြီးနောက် ဘင်နီတက်စ် အတွက် ငွေကြေး ထုတ်ပေးဖွယ် ရှိနေကြောင်း လည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here