နိုက်ဂျီးရီးယား ဘာသာရေး ပဋိပက္ခ လှုံ့ဆော်သူ များအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး

alt

နိုက်ဂျီးရီးယား နိုင်ငံတွင် ဖြစ်ပွား ခဲ့သည့် လူမျိုးရေး ပဋိပက္ခများ အတွက် လှုံ့ဆော် အား ပေးခဲ့ ကြောင်း စွပ်စွဲခံရသူ (၃၀၀)ကျော်ကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။

နိုက်ဂျီးရီးယား စစ်တပ်သည် ယခုအရှုပ် အထွေး အတွင်း လုံးဝ ပါဝင်ခြင်း မရှိအောင် ရှောင်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဖြစ်ပွားခဲ့သည့် ခရစ်ယာန် နှင့် မွတ်ဆလင် ဘာသာဝင်များ သတ်ဖြတ်မှု အတွင်း အနည်းဆုံး လူပေါင်း (၃၀၀)ကျော် သေဆုံးခဲ့ကြောင်း ရဲများက ဆိုသည်။

ရဲတပ်ဖွဲ့သည် ခရစ်ယာန်များ အဓိက နေထိုင်သည့် နိုင်ငံတောင်ပိုင်း နှင့် မွတ်ဆလင်များ ကြီးစိုးနေ သည့် နိုင်ငံ မြောက်ပိုင်း တို့အား ခြားထားသည့် ဂျော့မြို့တွင် သေဆုံးသူ တို့၏ အလောင်းများအား လိုက်လံစုစည်း နေရဆဲ ဖြစ်သည်။ ယခု ဖမ်းဆီးထားသူ (၃၀၀)ကျော် အနက် ထက်ဝက်ကျော်မှာ အလယ်ပိုင်း ပလာတူအား ခရိုင်မြို့တော် အဘူဂျာ မှ ဖြစ်ကြောင်း ရဲများက ပြောကြားခဲ့သည်။

ယင်းတို့အနက် အများစုမှာ (၂၀၀၈) ခုနှစ်၊ နိုဝင်ဘာလ က တကြိမ်ဖြစ်ခဲ့သည့် အလားတူ ဘာသာခြားများ ပဋိပက္ခ တွင် အဖမ်းခံရသူများ ဖြစ်ကြောင်းလည်း သိရှိရသည်။ နောက်ထပ် အလားတူ သတ်ဖြတ်မှုများ ပေါ်ပေါက် လာမည် ကို စိုးရိမ်မိကြောင်း ပလာတူ ခရိုင် အုပ်ချုပ်ရေးဌာန ပြောရေး ဆိုခွင့်ရ အရာရှိ ဂရီဟိုရီယန်လွန်က ဝန်ခံခဲ့သည်။ ဂျော့ မြို့တော်တွင် ယခုအခါ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ ဖြန့်ကျက်ထားဆဲ ဖြစ်ပြီး Curfew အမိန့်ကိုမူ (၂၄) နာရီ ထုတ်ပြန်ထားရာမှ ယခုအခါ ညနေ(၆)နာရီမှ နံနက် (၆)နာရီ အထိသာ ပြောင်းလဲ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

လူ့အခွင့်အရေး အဖွဲ့များက သွေးချောင်းစီး တိုက်ခိုက်မှုများ အတွင်း မွတ်ဆလင် ဘာသာဝင် (၃၆၄)ဦး သေဆုံး ခဲ့ကြောင်း ကြေညာခဲ့သေးသည်။ နိုက်ဂျီးရီးယား သည် မွတ် ဆလင်များ ကြီးစိုးသည့် မြောက်ပိုင်းနှင့် ခရစ်ယာန် ဘာသာဝင် ထူပြောရာ တောင်ပိုင်းဟူ၍ ကွဲပြားနေပြီး လူမျိုးရေး အဓိကရုဏ်းများ မကြာခဏ ပေါ်ပေါက်လေ့ ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here