ဂျွန်ထရာဗိုတာ ကုန်တင် လေယာဉ် မောင်းကာ ဟေတီသို့ ထောက်ပံ့ရေး ပစ္စည်းများပို့

alt

လေယာဉ်မောင်း ဝါသနာ ကြီးသော ဟောလီးဝုဒ် စတား မင်းသား ဂျွန်ထရာဗိုတာ မှာ မိမိ၏ ကိုယ်ပိုင် ကုန်တင် လေယာဉ်ဖြင့် အကူညီ ပေးရေး ပစ္စည်းများ အပြည့်တင်

ဆောင်ကာ စက္ကန့်ပိုင်းအတွင်း ဒုဗ္ဗိန္ဓရ ကပ်ဆိုး ဆိုက်ရောက် သွားသော ဟေတီနိုင်ငံသို့ ယနေ့ ထွက်ခွါ သွားပြီ ဖြစ်သည်။

ငလျင်အပြီး ရက်သတ္တပါတ် ၂ပါတ်အကြာ ပို့တ် ဩပရင့်စ်တွင် အမေရိကန် စစ်တပ်မှာ အသက် ၃၅နှစ် အရွယ် လူတဦးအား အဆောက်အဦး အပျက်ကြားမှ မကယ်ထုတ်နိုင်မီ မိနစ်ပိုင်း အတွင်း ဘိုရင်း ရ၀၇ အား ဂျွန်ထရာဗိုတာ မောင်းနှင်ကာ အကူညီပေးရေး အဖွဲ့ တဖွဲ့အား ဦးဆောင် ထွက်ခွါသွားပြီ ဟု သိရှိ ရသည်။

အခြားသော အထောက်အပံ့ ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ၊ စစ်မြေပြင်သုံး အသင့် စားသုံး နိုင်သော ရိက္ခာ ၆တန်ကျော် သယ်ဆောင်သွားသည်ဟု သိရှိရသည်။ ပို့တ်ဩပရင့်စ် လေဆိပ်၌ မိမိယခု လုပ်ဆောင်ချက်မှာ လွန်ခဲ့ သော နှစ်များဆီက မတူကွဲပြားသော ကထရီးနာ မုန်းတိုင်း ဘေးဒုက္ခ ကျရောက်သူတို့၏ အတိဒုက္ခကို တွေ့မြင်ခဲ့ရ၍ စာနာသော အားဖြင့် ဇနီးသည် ကယ်လီ ပရက်စတန် နှင့်အတူ ယခုလို လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု မီဒီယာ များအား ပြောဆို လိုက်သည်။

လေယာဉ်မောင်း သက်တမ်း အနှစ် ၃၀ကျော် ရှိသူ ဂျွန်မှာ ၂၀၀၂ ခုနှစ်က ဘိုရင်း ကုမ္မဏီထုတ် ရ၀၇/၇၄၇ ကုန်သွယ်မှုဆိုင်ရာ ဂျက်လေယာဉ်ကြီးများ မောင်းနှင်ခွင့် လိုင်စင် တရားဝင် ရရှိထားသူ ဖြစ်သည့် အပြင်၊ ဩစတြေးလျား နိုင်ငံ Qantas လေကြောင်းလိုင်း၏ Ambassador လေယာဉ်မှူးလည်း ဖြစ်သည်။ ယနေ့ မောင်းနှင်သော ဘိုရင်း ရ၀၇ လေယာဉ်အား လွန်ခဲသော ၄နှစ်က ဝယ်ယူထားခြင်း ဖြစ်သည်။

ဂျွန်ထရာဗိုတာမှာ အော့ဂ်ကရာ ဖရော်ရီဒါ ခေါ် ဂျမ်ဘိုလီယာ အရပ်ရှိ မြေဧက ၅၅၀ ကျယ်ဝန်းသော အရပ်၌ အိမ်တွင် နေထိုင်ကာ လေယာဉ်၂စင်း ပါကင် ထိုးနိုင်၍ လေယာဉ် ပြေးလမ်း ၁မိုင်ခွဲ ရှည်လျားသော ခြံဝန်း ကျယ်ကြီးတွင် နေထိုင်သူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here