ဒိန်းမတ် ခံစစ်မှူးအား စပါးအသင်းမှ တရားဝင် ကမ်းလှမ်း

alt

ဥရောပ အသင်းကြီး များက အသည်း အသန် စိတ်ဝင်စား နေသည့် ဒိန်းမတ် ခံစစ်မှူး ဆိုင်မွန် ကေဂျာအား တော့တင်ဟမ် ဟော့စပါး အသင်း က တရားဝင်

ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

အသက် (၂၀)အရွယ် ကေဂျာ အတွက် ပေါင် စတာလင် (၁၁)သန်းတန် ကမ်းလှမ်းမှု တခုကို တော့တင်ဟမ်က အီတလီ ကလပ် ပါလာမိုထံ ပေးပို့လိုက်ကြောင်း Mirror သတင်းဌာနက ဖော်ပြခဲ့သည်။

တော့တင်ဟမ်သည် ကေဂျာ တယောက် အီတလီမြေသို့ မပြောင်းရွှေ့မီ ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူး သေးသည်။ ငယ်ရွယ်ပြီး ကစားအား ကောင်းမွန်သော ကေဂျာအား တော့တင်ဟမ် အပြင် အခြားအင်္ဂလန် ကလပ်များဖြစ်သည့် အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး နှင့် လီဗာပူး တို့ကလည်း စိတ်ဝင်စား နေကြောင်း သိရှိရသည်။

တော့တင်ဟမ် အသင်းသည် ကေဂျာအတွက် ပေါင် (၁၁)သန်းဖြင့် ကမ်းလှမ်းထား သလို တပါတ်လုပ်ခ ပေါင် (၁)သိန်း ပေးမည်ဟုလည်း အဆိုပြုထားသည်။ လန်ဒန် အခြေစိုက် ကလပ် အသင်းကြီးသည် ကေဂျာအပြင် ဂျူဗင်းတပ် မှ အီတလီ ခံစစ်မှူး ဂျော်ဂျီယို ချီလီနီ အားလည်း ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခဲ့သည်။

သတင်းများ၏ အဆိုအရ တော့တင်ဟမ်သည် ဗဟိုခံစစ် နေရာအတွက် ဂျိုနသန်ဝုဒ်ဂိတ်နှင့် လက်ဒလေကင်း တို့ နေရာတွင် ကေဂျာနှင့် ချီလီနီတို့အား အစားထိုးသွားရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ ကေဂျာအား စပိန်ထိပ်သီး ဘာစီလိုနာ နှင့် အီတလီ ထိပ်တန်းကလပ် အင်တာမီလန် တို့ကလည်း စောင့်ကြည့်လျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here