မြောက်ကိုရီးယား နှင့် ဆွေးနွေးရန် အသင့်ဟု တောင်ကိုရီးယား ပြောကြား

alt

နှစ်နိုင်ငံကြား တင်းမာမှု အချို့ရှိနေ သည့်တိုင် မြောက်ကိုရီးယား နှင့် ဆွေးနွေးမှုများ ပြုလုပ် သွားရန် အသင့် ရှိနေကြောင်း တောင် ကိုရီးယား အစိုးရက ဇန်နဝါရီလ

(၂၅) ရက် နေ့က ကြေညာခဲ့သည်။

ပြံုယမ်း အစိုးရသည် အိမ်နီးချင်း နိုင်ငံသို့ အချိန်မရွေး တိုက်ခိုက်နိုင်ကြောင်း ပြီးခဲ့သည့် သီတင်းအပါတ် အကုန်က ပြောဆို ခြိမ်း ခြောက်ခဲ့သော်လည်း တောင်ကိုရီးယား က နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းကို ပြန်လည်စတင် နိုင်ရေး အတွက် ဆွေးနွေးသွားရန် ပြင်ဆင်ထားကြောင်း ပြောဆို သွားခဲ့သည်။

နှစ်နိုင်ငံ ပေါင်းစည်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ကေဆွန်ဒေသရှိ မြောက် ကိုရီးယားတို့ အစောင့်အကြပ် ထူထပ်စွာ ချထားသည့် နေရာတွင် နှစ်နိုင်ငံ ကိုယ်စား လှယ်များ ဆွေးနွေးမှု ပြုလုပ် သွားရန် ရည်ရွယ်ထားသည့် တောင်းဆိုမှု အကြောင်းကြားလွှာကို ကွန်မြူနစ်နိုင်ငံ အစိုးရထံ ပေးပို့ထားပြီး ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မူလက မြောက်ကိုရီးယားသည် ဇန်နဝါရီလ (၂၆) နှင့် (၂၇) ရက် နေ့များအတွင်း ကမ်ဂန်းတောင် အနီး အရှေ့ ဖက် ကမ်းခြေဒေသတွင် ဆွေးနွေးမှုများ ပြုလုပ်ရန် အဆိုပြု ထားသည်။ လေ့လာသူများက မြောက်ကိုရီးယားသည် နိုင်ငံတကာ ပိတ်ပင်မှုများကြောင့် တောင်ကိုရီးယားနှင့် တင်းမာမှုများ ရှိနေသည့်တိုင် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပိုမိုအဆင့် မြှင့်တင်နိုင်ရန် ကြိုးပမ်းလာဖွယ် ရှိကြောင်း သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here