ရုရှားမြို့တော် မော်စကို မြေအောက် ရထားအား ကိုယ်လုံးတီးဖြင့် တက်စီး ခဲ့သူများ

alt

ဇန်နဝါရီလ (၂၄)ရက် နေ့ အစော ပိုင်းက ရုရှား နိုင်ငံ၊ မော်စကို မြို့တော် မြေအောက် ရထား တစင်းအား အမျိုးသား သုံးဦး အဝတ် မပါ၊ဗလာ ကိုယ်ထီးဖြင့်

တက်စီးခဲ့ကြောင်း သိရှိရသည်။

၎င်းတို့သည် ယခုကဲ့သို့ ကိစ္စမျိုးကို ပြုလုပ်ရဲ/ မရဲ အမျိုးသမီးများနှင့် အလောင်းအစား လုပ် ကာ ဆောင်ရွက်ခဲ့ခြင်း ဟု ရဲဌာနက ဆိုသည်။ ၎င်းတို့ သူငယ်ချင်း (၃)ဦးသည် မော်စကို မြို့တော် အရှေ့ ဖက်ရှိ နိုဗိုဂီရီရဲဗို ဘူတာရုံသို့ သန်းခေါင်ကျော်ချိန် နံနက် အစောပိုင်းတွင် အဝတ်မပါဘဲ ခပ်တည် တည် ဝင်ရောက်လာခြင်း ဖြစ်သည်။

ရထား တစင်းအား တက်စီးလာသူ (၃)ဦးကို ရဲတဦးသည် တဘူတာကျော် ပါရိုဗိုဘူတာ အရောက်တွင် တွေ့ရှိ ပြီးနောက် လိုက်ဖမ်းခဲ့ရာ နှစ်ဦးမှာ ကိုယ်လုံးတီးဖြင့်ပင် ထွက်ပြေး လွတ်မြောက်သွားပြီး တဦးကိုသာ ဖမ်းမိခဲ့သည်။

ဖမ်းဆီးရမိသူ အသက်(၂၀) အရွယ် မူစကော်ဗိုက် က ယင်းတို့အနေနှင့် မြေအောက်ရထား တစင်းကို ကိုယ်လုံးတီး ဖြင့် တက်စီးရဲခြင်း ရှိ/မရှိကို အမျိုးသမီးများနှင့် အလောင်း အစား ပြုလုပ်ခဲ့ကြောင်း၊ သူမတို့သည် ပါရိုဗို ဘူတာတွင် စောင့်နေကြောင်း ထွက်ဆိုခဲ့သည်။ မော်စကို ရဲတပ်ဖွဲ့သည် ၎င်းအား ဒဏ်ရိုက်ပြီးနောက် ပြန်လွှတ် လိုက် ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here