အစ္စရေး လုပ်ရပ်အား အီးယူကို တိုင်ကြားမည်ဟု ဘယ်ဂျီယံ ဝန်ကြီးပြောကြား

alt

အစ္စရေးနိုင်ငံက မိမိအား ဂါဇာဒေသအတွင်း ဝင်ရောက်ခွင့်ကို တားမြစ် ပိတ်ပင်ခဲ့မှု အတွက် ဥရောပ ယူနီယံသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ဘယ်ဂျီယံ ဝန်ကြီးတဦးက ပြောကြားလိုက်သည်။ ဇန်နဝါရီလ (၂၄)ရက် နေ့က

ဘယ်ဂျီယံ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးရေး ဝန်ကြီး ချားစ်မစ်ကယ် သည် ဂါဇာ ကမ်းမြှောင်သို့ သွားရောက်ခဲ့သော်လည်း အစ္စရေး တို့က မွတ်ဆလင် ဟားမတ် စစ်သွေးကြွများ ယင်းဒေသထဲ လှုပ်ရှားနေဆဲဟု အကြောင်းပြကာ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

မစ်ကယ်က အစ္စရေး၏ လုပ်ရပ်သည် လုံးဝ အဓိပ္ပါယ် မရှိကြောင်း အရေးဆို ကန့်ကွက်ခဲ့သည်။ အစ္စရေး ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဒန်နီအာရလွန် ကမူ ယခုကဲ့သို့ ခရီးစဉ်မျိုးသည် ဟားမတ်တို့အား ပိုမိုထကြွ လာစေရန် အားပေးရာ ရောက်ကြောင်း ပြောဆိုသွားသည်။

ဘယ်ဂျီယံနိုင်ငံ ဂါဇာဒေသအတွင်း အစ္စရေးတို့ ထိုးစစ်ဆင်ခဲ့ချိန်က ပျက်စီးသွားသော စာသင်ကျောင်း များအား အစ္စရေးတို့က ပြန်လည် မပြင်ဆင်ပေးသေးကြောင်း ဖော်ထုတ်ခဲ့သေးသည်။ အစ္စရေးသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက ဂါဇာကို ထိုးစစ်ဆင်နွှဲပြီး ကျူးကျော်ခဲ့ရာ ကလေးနှင့် အမျိုးသမီး အများစု ပါဝင်သော အရပ်သား (၁၄၀၀)မျှ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ စစ်တမ်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here