အီရန် ခရီးသည်တင် လေယာဉ် ဆင်းသက်စဉ် ပျက်ကျ

alt

အီရန်နိုင်ငံတွင် လေယာဉ်တစင်းသည် ပြေးလမ်းပေါ် အဆင်းတွင် မီးလောင်ပျက်ကျမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက် အစောပိုင်းက မာရှက်တွင် ဆင်းသက်သော ရုရှား နိုင်ငံလုပ်

တူပိုလက် (၁၅၄) အမျိုးအစား ခရီးသည်တင် လေယာဉ်သည် ပြေးလမ်းနှင့် အမြီးတို့ ရိုက်မိကာ မီးလောင်ကျွမ်း သွားခြင်း ဖြစ်သည်။

အီရန် အာဏာပိုင်များက ယခုဖြစ်ရပ်သည် ရာသီဥတု ဆိုးရွားခြင်းနှင့် မြင်ကွင်း မှုန်ဝါးခြင်း တို့ကြောင့်ဟု အကြောင်းပြ ထားသည်။ လေယာဉ်ပေါ်တွင် လူ(၁၅၇)ဦး လိုက်ပါလာသော်လည်း သေဆုံးသူ မရှိဟု သိရှိရသည်။ ခရီးသည် (၄၆)ဦးမှာ ဒဏ်ရာများ ရရှိသွားသော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်မိသူ မရှိကြောင်း အီရန်လေကြောင်း အာဏာပိုင်များက ဆိုသည်။

လေယာဉ်သည် ပြေးလမ်းနှင့် ရိုက်မိမှုကြောင့် ဝမ်းဗိုက်နှင့် တောင်ပံတဖက် ဆိုးဆိုးရွားရွား ပျက်စီးသွားသလို အမြီးပိုင်းလည်း မီးလောင်သွားခဲ့သည်။ သို့သော်လည်း အီရန် ကယ်ဆယ်ရေး တပ်ဖွဲ့များက ခရီးသည်များကို အလျင်အမြန် ရွှေ့ပြောင်း ပေးလိုက်နိုင်ခဲ့သည်။ Fars သတင်းဌာန၏ အဆိုအရ ရုရှား လေယာဉ်မှူးသည် မြူဆိုင်းနေသော ပြေးလမ်းအား ဆင်းရန်ကြိုးစားစဉ် ယခုလို မတော်တဆမှု ဖြစ်လာခဲ့ခြင်းဟု သိရှိရသည်။

ယင်း လေယာဉ်သည် ရာသီဥတု ဆိုးရွားလှသဖြင့် ခရီးသည်များ ကျန်းမာရေး အခြေအနေကို စိုးရိမ်ရသောကြောင့် မာရှက်တွင် ကြားဖြတ် ဆင်းသက်ရာမှ ပြဿနာကြံုရခြင်း ဖြစ်သည်။ အီရန်သည် ပြီးခဲ့သော နှစ်ပိုင်းများအတွင်း လေယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တဟီရန်မြို့တော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လေယာဉ် ပျက်ကျမှုအတွင်း လူပေါင်း(၁၆၈)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here