Spiderman 4 ဇါတ်ကားတွင် သရုပ်ဆောင်သစ်များ ပါဝင်လာမည်

alt

Spiderman 4 ဇာတ်ကားသစ်တွင် မျက်နှာ သစ် သရုပ်ဆောင်များ ပါဝင် လာမည် ဖြစ်ကြောင်း သိရှိ ရသည်။ မင်းသား တိုဘီ မက်ဂွိုင်းယားသည် နာမည်ကျော် သိပ္ပံလူစွမ်း ကောင်း ဇာတ်ကားမှ နောက်ဆုံး

နှုတ်ထွက်သည့် အဓိက ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး၊ ယခင်ကလည်း ဒါရိုက်တာ ဆမ်ရိုင်မီနှင့် မင်းသမီး ခရစ်စတီယန်ဒန့် တို့မှာ စတုတ္ထ မြောက် Spiderman ဇာတ်ကားတွင် ပါဝင် တော့မည် မဟုတ်ကြောင်း ကြေညာထား ပြီး ဖြစ်သည်။

မက်ဂွိုင်းယားက Spiderman 4 မရိုက်ကူးမီ ရက်ပိုင်းအလိုတွင် ဇာတ်ကားသစ်၌ ဆက်လက် ပါဝင် မည် မဟုတ်ကြောင်း အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။ ထိုဇာတ်ကားသည် Spiderman တဖြစ် လဲ ပီတာပါကား ၏ ငယ်ဘဝကို ဖော်ကျူး ဇာတ်လမ်းဆင်မည် ဖြစ်ရာ အသက်(၃၄)နှစ် အရွယ်သည် အထက်တန်း ကျောင်းသားတဦး အဖြစ် သရုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း မက်ဂွိုင်းယားက ရှင်းပြ ခဲ့သည်။

၎င်းသည် Spiderman ပထမဆုံး ဇာတ်ကားတွင် တက္ကသိုလ် ကျောင်းသားတဦး အဖြစ် စတင်ပါဝင် လာခြင်း ဖြစ်သည်။ ယခုအခါ Spiderman 4 ၏ မင်းသားသစ်ကို မသိရသေးသော်လည်း မင်းသမီး နေရာအတွက် အန်နာဟီသာဝေး က ရေပန်းအစားဆုံး ဖြစ်နေခဲ့ပြီ ဖြစ် သည်။ Spiderman ဇာတ်ကား (၃)ခုကို တာဝန်ယူ ရိုက်ကူးပေးခဲ့သည့် ဒါရိုက်တာ ရိုင်မီမှာ ဇာတ်ညွှန်းကို သဘောမကျခြင်းနှင့် တောင်းဆိုထားသည့် ပမာဏအတိုင်း အသုံး စရိတ် မရခြင်းတို့ကြောင့် ဇာတ်ကားသစ် ရိုက်ကူးမှုမှ နှုတ်ထွက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here