Nokia ဖုန်းများအတွက် အခမဲ့ GPS စံနစ်ထည့်သွင်း သုံးနိုင်ပြီ

alt

Nokia သည် ၎င်းထုတ်လုပ် ထားသည့် GPS အသုံးပြု နိုင်သော ဖုန်းများ အားလုံးအတွက် အခမဲ့ လမ်းညွှန် စံနစ်တခုကို ထည့်သွင်း ပေး သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ 

ယင်း ဝန်ဆောင်မှုကြောင့် စမတ် ဖုန်းလောက တွင် ပြိုင်ဖက်အသွင် ဆောင်နေသော Apple နှင့် Google တို့အပေါ် Nokia က အသာစီး ရရန် မျှော်လင့်ထားလျှက် ရှိသည်။

ကမ္ဘာ့မိုဘိုင်းဖုန်း ဈေးကွက်ကို အကြီးမားဆုံး ချုပ်ကိုင်ထားသည့် ဖင်လန် ကုမ္ပဏီကြီးက ဇန်နဝါရီလ (၂၁)ရက် နေ့မှစကာ Ovi Maps and Navigation စံနစ်ကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ကြောင်း ကြေညာခဲ့သည်။

Nokia သည် ယင်းအခမဲ့ စံနစ်အတွက် (၂)နှစ်ကျော် အချိန်ယူခဲ့ရသည်။ ၎င်းတို့သည် (၂၀၀၇) ခုနှစ် ကတည်းက လမ်းညွှန်စံနစ် နည်းပညာကို (၂၀၀၇)ခုနှစ်က စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Nokia သည် ယခု စံနစ်သစ်အတွက် Lonely Planet ကဲ့သို့ လက်တွဲဖော် သစ်များနှင့်လည်း ပူးပေါင်းခဲ့သည်။ ယခင်က Nokia ဖုန်း အသုံးပြူသူများသည် အခြေခံ မြေပုံ များကို အခမဲ့ရရှိသော်လည်း Turn-by-turn လမ်းညွှန်မှုနှင့် City Guide စံနစ်များအတွက် ငွေကြေး အတော်များများ ပေးချေကြရသည်။ ယခု Service တွင်မူ စံနစ် အားလုံးအား အခမဲ့ အသုံးချနိုင်မည် ဖြစ်သည်။

Nokia ၏ အခမဲ့ Service သစ်အား လတ်တလောတွင် N97၊ 5800 Xpress Music နှင့် E72 အပါအဝင် အမျိုးအစား (၁၀)ခု ခန့်တွင်သာ သုံးစွဲနိုင်မည် ဖြစ်သော် လည်း မတ်လမှ စတင်ပြီး GPS အသုံးပြုနိုင်သည့် Nokia ဖုန်းတိုင်းတွင် ထည့်သွင်း သွားနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here