သစ်ပင်ကို မဖွယ်မရာပြုသည့် စကော့အမျိုးသား ပြည်သူပိုင် ဥယျာဉ်များသို့ သွားရောက်ခွင့် ပိတ်ပင်ခံရ

alt

စကော့လူမျိုး အမျိုးသား တဦးသည် သစ်ပင်တပင်နှင့် လိင်ဆက်ဆံရန် ကြိုးပမ်းခဲ့ပြီးနောက် ၎င်းတသက်တွင် ပြည်သူပိုင် ဥယျာဉ်များသို့ သွားရောက် လည်ပတ်ခွင့် ပိတ်ပင် ခံလိုက်ရပြီ ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ

၀ီလျံရှောသည် အဲဒရီ ရှိ သစ်ပင်တပင်တွင် လိင်ဆက်ဆံရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ပြစ်မှု ကို မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပြီးနောက် အပြစ်ရှိကြောင်း ဝန်ခံ ထွက်ဆိုခဲ့ရာ ယခုပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဟု Daily Telegraph က ဖော်ပြခဲ့သည်။

၎င်းသည် လူအများ လာရောက် လည်ပတ်လေ့ရှိသည့် နေရာတွင် အတွင်းခံ ဘောင်းဘီကို ချွတ်ကာ သစ်ပင်ဖြင့် လိင်လှုံ့ဆော်မှု ပြုလုပ်နေကြောင်း တရားရုံးက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

အဲဒရီမြို့ ဗဟိုပန်းခြံတွင် မတော်တရော် လုပ်နေသည့် ၀ီလျံမှာ အထိန်းသိမ်းခံရပြီး နောက်ပိုင်းတွင် ဗဟိုပန်းခြံအနီး လုံးလုံး မလာတော့ပါဟူသည့် ခံဝန်ချက်ကြောင့် အာမခံဖြင့် ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here