ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ နိုဝင်ဘာလတွင် လွတ်မည်ဟု ဗိုလ်ချုပ် မောင်ဦးမှ ပြောကြား

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား နိုဝင်ဘာ လတွင် ပြန်လွှတ်ပေးမည် ဖြစ် ကြောင်း ယနေ့ ရန်ကုန်မှ လာသော ရိုက်တာ သတင်းတပုဒ်တွင် ရေးသား ဖေါ်ပြထားသည်။

ဂျပန် သတင်းဋ္ဌာန မီဒီယာတခု အဆိုအရ ဆယ်စုနှစ် ၂ခုအကြာ မြန်မာနိုင်ငံတွင် ၁၀-၁၀-၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည် ဖြစ်သော ပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲ အပြီး နိုဝင်ဘာ လတွင် ဒေါ်စုအား အိမ်ချုပ်မှ ပြန်လည်လွှတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးမှ ဇန်နဝါရီလ ၂၁ရက် နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို သတင်းအား မြို့တော်ဟောင်း ရန်ကုန်နှင့် မိုင် ၃၅၀ခန့် ကွာဝေးသည့် ကျောက်ပန်းတောင်း မြို့တွင် ပြုလုပ်သော လူရာချီ တက်ရောက်သည့် အစည်းဝေး တခု၌ ဗိုလ်ချုပ်မောင်ဦး ပြောကြား ခဲ့ကြောင်း ထို အစည်းအဝေးသို့ တက်ရောက် ခဲ့သည့် အမည် မဖေါ်လိုသူ ၂ဦးမှ ရိုက်တာ သတင်းဋ္ဌာနသို့ ပြောကြားကြောင်း သိရှိရသည်။

ယခု သတင်းနှင့် ပါတ်သက်၍ မြန်မာ့ အရေးပြောင်းလဲမှုကို စောင့်ကြည့်နေသော ကမ္ဘာ့ ကုလသမဂ္ဂ နှင့် အမေရိကန် အစိုးရမှ ယခင် အပါတ်က စစ်အစိုးရ လုပ်ရပ် စိတ်မရှည်တော့ ဟု ဝေဖန်သုံးသပ် လိုက်ရာမှ ယခုလို အက်ကြောင်း ထွက်လာ ရသည်ဟု ထင်ကြောင်း နယူးယောက် မြို့ရောက် ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်သူ ရဟန်းတော် တပါးမှ လူထုအသံ သို့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here