စစ်အစိုးရ MiG-29D တိုက်လေယာဉ် ဝယ်ယူမှုတွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပါဝင်

alt

၂၀၀၉ ခုနှစ် ဒီဇင်ဘာ အနှောင်းပိုင်း တွင် ရုရှားပိုင် Rosoboron export ကုမ္မဏီမှ မြန်မာ စစ်အစိုးရ ဝယ်ယူ ခဲ့သော MiG-29D တိုက် လေယာဉ် အစင်း၂၀ ၊ ယူရို သန်း၄၀၀ဖိုး ( အမေရိကန် ဒေါ်လာ ၅၇၁မီလျံ ခန့်)

ဝယ်ယူမှုတွင် Mi-35 တိုက်ခိုက်ရေး ရဟတ် ယာဉ်များပါ ဝယ်ယူရန် စာချုပ် ချုပ် ဆိုခဲ့ကြောင်း ရုရှား လက်နက် ရောင်းဝယ် သူ ပွဲစား နီကိုစကီးမှ ပြောကြား လိုက်သည်။

MiG-21 တိုက်လေယာဉ်အား ပုံတူ ကူးယူ၍ တရုတ်ထုတ် 4+ generation ဟုခေါ်သော ချေဒူး ဂျီယန်း F-7 လေယာဉ်သည် ယခင် အပါတ်ကပင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပျက်ကျ ခဲ့ပြီး၊ ယင်း  ဖိုက်တာ လေယာဉ် ပိုင်းလော့မှာ သေဆုံးခဲ့ရသည်။

တရုတ် အစိုးရထံမှ ဝယ်ယူထားသော “Ultra-Modern” J-10 Vigorous Dragon နှင့် FC-1 Xiaolong တို့ထက် ရုရှားထုတ် MiG-29 တိုက် လေယာဉ်များမှာ နည်းပညာအရ ပိုမိုကောင်းမွန် သည်ဟု သိရှိရသည်။ MiG -29 တိုက်ခိုက်ရေး ဖိုက်တာများကို ၂၀၀၁ ခုနှစ် က ၁၀စင်း ဝယ်ယူထားခဲ့ပြီး၊ ယခင် အပါတ်များကပင် အစင်း၂၀ ထပ်မံ ဝယ်ယူခြင်း ဖြစ်သည်။

Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဝယ်ယူမှုတွင် စစ်အစိုးရမှ ယူရို သန်း၅၀ ( အမေရိကန်ဒေါ်လာ ရ၁သန်း) ဖိုး အသုံးပြုမည် ဖြစ်ပြီး၊ ရဟတ်ယာဉ် ၈စင်းမှ ၁၀စင်း အထိ ရရှိမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် အကုန်တွင် နာဂစ် မုန်တိုင်း၏ နိုင်ငံတကာမှ အလှူငွေ အမေရိကန် ဒေါ်လာ၆၉၁ သန်းရရှိထားသော စစ်အစိုးရသည် တရုတ်၊ မြောက်ကိုရီးယား နှင့် ရုရှား နိုင်ငံတို့မှ စစ်လက်နက် ပစ္စည်းများ ဝယ်ယူ တပ်ဆင်လျှက် ရှိသည့်အပြင်၊ ၂၀၀၇ ခုနှစ်တွင် ရုရှား အကူအညီနှင့် စတင် ခဲ့သော ၁၀ မဂ္ဂါဝပ်ရှိ နျူကလီးယား (ယူရေနီယမ် ၂၀% (ခ) U-235) စွမ်းအင် စက်ရုံအား တည်ဆောက်လျှက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here