အိုစမာဘင် လာဒင် အသံသွင်းတိတ်ခွေ အယ်လ်ဂျာဇီးရား ရုပ်သံတွင် ထုတ်လွှင့်သွား

alt

အစ္စရေးကို ကျောထောက် နောက်ခံ ပြုထားသော ဝါရှင်တန် အစိုးရသည် ပါလက်စတိုင်း ဒေသမှ မထွက်ခွာ၊ မခြင်း အယ်လ်ခိုင်းဒါး က အဆက် မပြတ်ထပ်ပြီး တိုက်ခိုက်နေမှာ ဖြစ်ကြောင်း အိုစမာ ဘင်လာဒင် ပြောလိုက်တဲ့

အသံသွင်း တိပ်ခွေကို အယ်လ်ဂျာဇီးရား ရုပ်မြင် သံကြားတွင် ယနေ့ တနင်္ဂနွေနေ့တွင် ထုတ်လွှင့် ခဲ့သည်။

ယမန်နှစ် ခရစ္စမတ်နေ့ အမေရိကား ၊ ဒက်ထရွိုက်မြို့ ကောင်းကင်ယံတွင် ခရီးသည် တင် လေယာဉ်အား ဗုံးခွဲရန် ကြံစည်မှုကို သူတို့ ကြိုးကိုင်ခဲ့ကြောင်း အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်  က ပြောလိုက်တဲ့ အကြောင်း အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြား က ထုတ်လွှင့် လိုက်သည်။

ထိုတိတ်ခွေတွင် ပါလက်စတိုင်း ပြည်သူတွေအတွက် လုံခြံုစိတ်ချမှု မရှိမခြင်းနှင့်အတူ အမေရိကန် ပြည်ထောင်စု အတွက်လည်း လုံခြုံစိတ်ချရမှု ဆိုတဲ့အိပ်မက် အလျဉ်း မရှိစေရဘူးလို့ ဘင်လာဒင်က ကြုံးဝါး လိုက်ကာ၊ သူ မက်ဆေ့ချ်ပါး ဆက်သွယ် လိုက်သည်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ပိုင်း ယခု နိုင်ဂျီးရီးယား နိုင်ငံသား အူမာဖါရွတ် အဗ္ဗဒူ မူတာလက်ဘ် အား မိမိတို့ အယ်လ်ခိုင်းဒါး မှ သူတော်စင် သူရဲကောင်းအဖြစ် အသိမှတ် ပြုကြောင်း ဘင်လာဒင်မှ ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမားသို့ တိုက်ရိုက် ပြောကြားလိုသည်မှာ အမေရိကန် ပါလက်စတိုင်း နယ်မြေတွင် ခြေရှုတ်နေသမျှ အမေရိကန် နိုင်ငံအား အကြမ်းဖက် နည်းလမ်းဖြင့် ဆက်လက် တိုက်ခိုက်နေမည် ဖြစ်ကြောင်း အယ်လ်ခိုင်းဒါး ခေါင်းဆောင်များမှ သန္နိဋ္ဌာန်ပြုထားသည်ဟု အိုစမာဘင် လာဒင်မှ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here