ဗြိတိန်အစိုးရ Data ဝဘ်ဆိုဒ်အား အကူအညီ ပေးသွားမည်ဟု WWW တည်ထောင်သူ ပြောကြား

alt

World Wide Web ကို စတင်ထူထောင် ခဲ့သည့် ဆာတင်ဘာ နာလီးက ၎င်းသည် အစိုးရ၏ နောက်ဆုံး ပရောဂျက် Data ဝဘ်ဆိုဒ် ဖြစ်သည့်

data.gov.uk ကို အကူ အညီများ ပေးသွား မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ယင်း ဝဘ်ဆိုဒ်သည် အစိုးရ၏ တရားဝင် Data များအား ပြည်သူများ သိရှိနိုင်စေရန် ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။ ယခု ဝဘ်ဆိုဒ် အသစ်တွင် Traffic statistic များနှင့် Crime Figure များကဲ့သို့ အစိုးရက တရားဝင် ထုတ်ပြန်ထားသည့် Data တိုင်းကို ဖော်ပြ ပေးသွားမည် ဖြစ်သည်။

ထို့အပြင် Planning Alerts ကဲ့သို့ Application (၁၀)ခုကိုလည်း ထည့်ပေးထားမည် ဖြစ်သည်။ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် (၂၀၀၉)ခုနှစ်၊ ဇွန်လက စတင်ခဲ့သည့် ယင်း ဝဘ်ဆိုဒ် ပရောဂျက်အတွက် ဆာတင်အား ပူးပေါင်း ပါဝင်ပါရန် ပန်ကြားခဲ့ခြင်း ဖြစ်သည်။ Test Version အနေနှင့် ပြသထားသည့် ယင်း ဝဘ်ဆိုဒ်သည် စက်တင်ဘာလ ကတည်းက လွှင့်တင်ထားပြီး Web Developer (၂၄၀၀)ဖြင့် လည်ပတ်နေခဲ့သည်။

ယခု ဝဘ်ဆိုဒ်သည် ဗြိတိန်အစိုးရ၏ သတင်းဖြန့်ချီရေး နည်းလမ်းသစ် တခုလည်း ဖြစ်လာကြောင်း ဆာတင်က ခန့်မှန်းခဲ့သည်။ အမေရိကန် သမ္မတ ဘာရက်အိုဘားမား သည်လည်း dat.gov ဝဘ်ဆိုဒ်ကို လွှင့်တင်ကာ အမေရိကန် ပြည်သူများအတွက် အစိုးရ၏ တရားဝင် Dataများကို ထုတ်ပြန်နိုင်ရန် စီစဉ်ခဲ့သည်။ ယင်းတွင် အမေရိကန် ကာကွယ်ရေး ဌာနနှင့် NASA ကဲ့သို့ အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များပင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here