မြန်မာ့စပါးကြီး အပါအဝင် မြွေမျိုးစိတ်များ နိုင်ငံတွင်း တင်သွင်းခွင့် အမေရိကန် ပိတ်ပင်ရန် စဉ်းစား

alt

အမေရိကန် အစိုးရ တာဝန်ရှိသူ များသည် မြန်မာ့ စပါးကြီးမြွေနှင့် အခြားသော မြွေ မျိုးစိတ် (၈)ခုကို နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်ပင် ရန် စဉ်းစားနေကြောင်း သိရသည်။

အလွန် ကြီးမားသည့် မြွေကြီးများသည် ပတ်ဝန်းကျင်ကို အန္တရာယ် ရှိစေသဖြင့် ယခု ကဲ့သို့ ပိတ်ပင်မှုများ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဌာန အတွင်းရေးမှူး ကန်ဆာလာဇာ က ပြောကြားခဲ့သည်။

အကယ်၍ မြွေကြီးများအနေနှင့် လွတ်မြောက် သွားခြင်း၊ အရိုင်းစိတ် ဝင်သွားခြင်းတို့ ဖြစ်လာ ပါက သဘာဝ ပတ်ဝန်းကျင်အတွက် အကြီးအကျယ် ခြိမ်းခြောက် လာဖွယ်ရှိကြောင်း ဆာလာဇာ က ဆိုသည်။ ထို့ကြောင့် နယူးယောက်မြို့၊ ဂျွန်အက်ဖ်ကနေဒီ လေဆိပ် မှတဆင့် ရောက်ရှိ လာနိုင်သည့် အလွန် ကြီးမားသော မြွေကြီးများအား တင်သွင်းခွင့်ကို ပိတ်ပင်ရန် စတင် ဆောက်ရွက် နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

နယူးယောက်သည် ပြည်ပမှ ကြီးမားသောမျိုးစိတ် မြွေများ တင်ပို့မှု အမြင့်ဆုံး မြို့လည်းဖြစ်သည်။ ယခု ပိတ်ပင်မည့် မြွေမျိုးစိတ် (၉)ခုတို့တွင် စပါးအုံး၊ အန်နာကွန်ဒါ အစိမ်းနှင့် အန်နာကွန်ဒါ အဝါတို့လည်း ပါဝင်သည်။ ယင်း မြွေများအား အမေရိကန်တွင် အိမ်မွေး တိရိစ္ဆာန်အဖြစ် ထားရှိလေ့ ရှိခြင်းမှာ ခေတ်စား နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here