အထူးအဆန်း စုံတွဲအား အမေရိကန် ရဲတို့ တရားစွဲဖို့ပြင်

alt

အမေရိကန်နိုင်ငံ၊ နယူးဟမ့်ပ်ရှိုင်းယားက ရဲတပ်ဖွဲ့ဝင်တွေဟာ ထူးထူးဆန်းဆန်း ကြံုရတဲ့ စုံတွဲတတွဲကို ပြည့်တန်ဆာမှုနဲ့ တရားစွဲဖို့ ပြင်နေကြပါတယ်။ WMUR-TV ရဲ့ အဆိုအရ အဲဒီ စုံတွဲထဲက အမျိုးသားက

ရဲတွေကို အကြောင်းကြား ခဲ့တာလို့ သိရပါတယ်။

အဲဒီပုဂ္ဂိုလ်က သူဟာ အမျိုးသမီးကို ညှိနှိုင်းတာ အဆင်ပြေလို့ ပိုက်ဆံပေးလိုက်ပြီ ဖြစ်တဲ့ အကြောင်း၊ ဒါပေမယ့် အမျိုးသမီးက ပိုက်ဆံရပြီးတော့ သူလိုချင်တာ မပေးဘဲ ငြင်းနေတဲ့ အကြောင်း ဖုန်းဆက်ပြီး တိုင်ခဲ့တာပါ။

ခုတော့ အသက်(၃၂)နှစ် အရွယ် အဲဒီအမျိုးသားနဲ့ အသက်(၂၂)နှစ် အရွယ် အမျိုးသမီးတို့ဟာ တရားရုံးရောက်ဖို့ ရှိနေပါပြီ။ နယူးဟမ့်ပ်ရှိုင်းယား ရဲတပ်ဖွဲ့က အမျိုးသားဟာ အဲဒီ အမျိုးသမီး ရယ်၊ သူ့ရဲ့ အဆက်အသွယ် ရယ်ကို ဇန်နဝါရီလ (၁၇)ရက် နေ့က ဒေါ်လာ(၁၅၀)နဲ့ ဈေးတည့် ခဲ့ပြီး တကယ်တမ်း အမျိုးသမီးကို ခေါ်သွားပြီးတဲ့ အခါမှာ ငြင်းဆန်တာကြောင့် ဒေါသတကြီးနဲ့ တိုင်ခဲ့တာပါလို့ ထွက်ဆိုထားတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ရဲတွေက ခုကိစ္စမှာ ကြားဝင် ဆောင်ရွက်သွားတဲ့ တတိယ ပုဂ္ဂိုလ်ကို စုံစမ်း ရှာဖွေနေဆဲလို့ ကြေညာ ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here