အင်ဒိုနီးရှား ပုတ်သင်မျိုးနွယ် စီးပွားရေးသမား များကြောင့် ဒုက္ခရောက်ရ

alt

အင်ဒိုနီးရှားရှိ သေးငယ်သော ပုတ်သင် မျိုးနွယ်တခုမှာ စီးပွားရေး သမားများ ကြောင့် အကြီးအကျယ် ဒုက္ခရောက် နေရပြီ ဖြစ်သည်။

ပျော့ပြောင်းသော အရေပြား ရှိသည့် ဂက်ကို ပုတ်သင်များမှာ အာရှ ဈေးကွက်တွင် ဝယ်လို အား မြင့်တက်လာပြီးနောက် စီးပွားရေးသမား များက လိုက်လံဝယ်ယူသည့် အတွက် ၎င်းတို့ အား လူအများက လိုက်လံဖမ်းဆီး နေကြခြင်း ဖြစ်သည်။

ဂက်ကိုများသည် တရုတ် နှင့် ကိုရီးယား တိုင်းရင်းဆေးများ အရ ကင်ဆာရောဂါကို ကုသရာတွင် အစွမ်းထက် ဆေးဖက် ဝင်ကြောင်း ယုံကြည်သည့်အတွက် ယခုကဲ့သို့ ၀ယ်လိုအား တက်လာခြင်း ဖြစ်သည်။ ဂျာဗားကျွန်း အရှေ့ပိုင်းရှိ ဘန်ဂျာဆာဝါ ရွာကလေးတွင် လယ်သမား များသည် ဂက်ကိုများ လိုက်လံရှာဖွေမှုကို စီးပွားရေး လုပ်ငန်းတခု အဖြစ် သဘောထား လုပ်ကိုင် လာကြသည်။

အသက်(၃၂)နှစ်ရှိ သူရင်းငှား တိုဟမ်ဆင်က ၎င်းသည်ယခင်က အခြားသူများ၏ ကျွဲနွားများအား အစားကျွေး စောင့်ရှောက်ခဲ့ရာ တနေ့လျင် ရူပီးငွေ တသောင်း  အမေရိကန်(၁) ဒေါ်လာ ဝန်းကျင်မျှ]သာ ရရှိခဲ့သော်လည်း ယခုအခါ ဂက်ကို ဖမ်းဆီးသည့် လုပ်ငန်းကြောင့် တလလျင် ရူပီးတသန်း [ဒေါ်လာ(၁၁၀)မျှ] အထိ ဝင်ငွေ တိုးလာကြောင်း ပြောကြားခဲ့သည်။ ထိုလုပ်ငန်းသည် အင်ဒိုနီးရှားတွင် လွန်ခဲ့သော (၄)နှစ်ခန့် ကတည်းက စတင် ခေတ်စားလာပြီး ထိုစဉ်က အဒူရာမန် အမည်ရှိ နေအိမ် များသည် ဂက်ကိုများကို အခြောက်လှမ်းကာ ကုန်သည်များအား ပြန်လည် ရောင်းချခဲ့သည်။

ထို့နောက်တွင်တော့ အဒူရာမန်သည် ထိုလုပ်ငန်းအတွက် ဂက်ကိုမုဆိုး (၁၀၀)ကျော် ထပ်မံ လုပ်ကိုင်လာပြီး ၎င်းတို့သည် အသက်(၄၀) အရွယ် အဒူရာမန် ထံမှတဆင့် ပြည်ပ ဝယ်လက်များထံ ရောင်းချကြသည်။ ထို့အပြင် အိမ်ရှင်မများ အများစုပါ၀င်သည့် ဒါဇင်နှင့်ချီ များပြားသော အလုပ်သမားများသည် ဂက်ကို အသေများအား သန့်စင်ခြင်း၊ နေလှမ်းခြင်းတို့ကို လုပ်ငန်းတခု အနေနှင့် ဆောင်ရွက်နေကြပြီ ဖြစ်သည်။

ယင်းတို့၏ တနေ့လုပ်ခမှ ရူပီးငွေ (၂)သောင်း [(၂)ဒေါ်လာမျှ] ရရှိကြသည်။ ဂက်ကိုများကို ဖမ်းဆီးရာတွင် ဓာတ်မီးပါသော ဦးထုပ်ကိုဆောင်းကာ လက်အိတ်စွပ်ပြီး ညပိုင်းတွင် လိုက်လံ ဖမ်းဆီးရခြင်း ဖြစ်သည်။ တိရိစ္ဆာန် အခွင့်အရေး တောင်းဆိုသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ ကမူ အင်ဒိုနီးရှားတွင် ဂက်ကိုပုတ်သင်များ မျိုးသုဉ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here