ငလျင်ဒုက္ခသည် ဟေတီပြည်သူများ အတွက် နာမည်ကြီး အနုပညာရှင်များ ပူးပေါင်းကူညီမည်

alt

ငလျင်ဒဏ်သင့် ဟေတီပြည်သူ များအတွက် ရည်ရွယ် ပြုလုပ်သည့် Multi-Network ရံပုံငွေ အစီအစဉ် Hope for Haiti Now Telethon သို့ ဘီယွန်းဆေးနိုး နှင့် မက်ဒေါနား တို့ကဲ့သို့

အမျိုးသမီး Pop ကြယ်ပွင့်များပါ ပူးပေါင်း ပါဝင်လာပြီ ဖြစ်သည်။

ယခင်က ယင်း အစီအစဉ်တွင် ဟောလီးဝုဒ် မင်းသားများဖြစ်သည့် ဂျော့ကလူနီး၊ ဒန်ဇယ် ဝါရှင်တန်၊ ဘရက်ပစ်၊ လီယိုနာဒို ဒစ်ကာပရီယို၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် နှင့် အခြားသော နာမည်ကြီးများ ပါဝင်ထားပြီး ဖြစ်သည်။

ဇန်နဝါရီလ (၂၃)ရက်နေ့ Telethon တွင် ဘရုစ် စပရင်းစတင်း၊ အေလီရှာကီး၊ စတီဗီဝမ်းဒါး၊ တေလာဆွစ်၊ ဂျက်စတင် တင်းဘားလိတ် နှင့် ကိတ်အာဘန် တို့ကဲ့သို့ ထိပ်ထိပ်ကြဲများလည်း ပါဝင်ကြသည်။ မင်းသား ကလူနီးက မိမိတို့အနေနှင့် ကိုယ့်ကိုယ်ကိုပင် မဖေးမနိုင်သည့် ဟေတီပြည်သူ များအတွက် စာနာ လက်တွဲရမည်ဟု ခံယူထားကြောင်း MTV နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

ယခုTelethon မှ ရရှိလာသော ငွေကြေးများကို ဟေတီ ဒုက္ခသည်များအတွက် လှူဒါန်းသွားမည် ဖြစ်သည်။ ကလူနီး က မိမိတို့ ကြိုးပမ်းထားသော အစီအစဉ်တွင် စေတနာရှင် အများအပြား ပူးပေါင်းလာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဇန်နဝါရီလ (၂၁)ရက် နေ့က မင်းသား လီယိုနာဒို ကလည်း သမ္မတဟောင်းများ ဖြစ်သည့် ကလင်တန်နှင့် ဂျော့ဘုရှ် တို့ ပူးတွဲ ထူထောင်ထားသည့် Clinton-Bush Haiti Fund ရံပုံငွေအဖွဲ့သို့ ဒေါ်လာ(၁)သန်း ထည့်ဝင် လှူဒါန်း ကြောင်း ထုတ်ဖော် ကြေညာခဲ့သေးသည်။ ဟေတီတွင် ဇန်နဝါရီလ (၁၂)ရက်နေ့က လှုပ်ခတ်သွားသည့် အင်အား (၇.၀)အဆင့်ရှိ ငလျင်ကြီးကြောင့် လူနှစ်သိန်းမျှ သေဆုံးဖွယ်ရှိကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ခန့်မှန်း ပြောဆိုထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here