Apple Tablet ထွက်ရှိလာရေး နှောင့်နှေးဖွယ်ရှိ

alt

(၂၀၁၀) နှစ်ဆန်းပိုင်းတွင် ထွက်ရှိ မည်ဟု ကြိုတင် နာမည်ကြီး နေသော Apple Tablet ကွန်ပြူတာ အနေနှင့် နောက်ထပ် (၆)လမျှ အချိန်ယူ ကြန့်ကြာဖွယ် ရှိနေသေး

ကြောင်း သိရသည်။

Apple သည် Touchscreen နည်းပညာသုံး Tablet ကွန်ပြူတာသစ်အား ဇန်နဝါရီလ (၂၇)ရက် နေ့တွင် ဆန်ဖရန်ဆစ္စကိုရှိ ပြပွဲ တခုအတွင်း စတင်ထုတ်ဖော် မိတ်ဆက် ဖွယ် ရှိသော်လည်း ဘက်ထရီ သက်တမ်းနှင့် အခြား သော လုပ်ဆောင်မှု အချို့ကို အဆင့်မြှင့်တင်မှု များ ပြုလုပ်ရန်အတွက် ဇွန်လ မတိုင်မီ ထုတ်လုပ ်ရောင်းချဖွယ် မရှိနိုင်သေးကြောင်း Tablet ကွန်ပြူတာ ထုတ်လုပ်မှုတွင် ပါဝင် မြှုပ်နှံထားသူများက ပြောကြား ခဲ့ကြသည်။

Apple Tablet ကို အစမ်းကာလတွင် သုံးစွဲခဲ့သည့် လေ့လာသူ ရှောင်ဝူး က Apple ၏ ရင်းနှီးမြှုပ်နှံသူများအား ကွန်ပြူတာတွင် အသေးစား ပြုပြင်မှုအချို့ လိုအပ်နေသေးကြောင်း ထောက်ပြခဲ့ပြီးနောက် ယခုလို အချိန်ယူ ပြုပြင်မှုများ ပြုလုပ်ရန် Apple က စီစဉ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် (၂၀၀၇) ခုနှစ် ဇန်နဝါရီလတွင် စတင် ရောင်းချမည်ဟု ကြေညာပြီး (၆)လကြာမှ အမှန်တကယ် ဈေးကွက် ဖြန့်နိုင်ခဲ့သည့် Apple ၏ iPhone ၏ လမ်းစဉ်ကို Tablet လည်း လိုက်ဖွယ် ရှိနေသည်။

Apple မှ ပညာရှင်များသည် ၎င်းတို့၏ ကွန်ပြူတာ အမျိုးအစား သစ်သည် iPod Touch အကြီးစားသဖွယ် တွေ့မြင်နိုင်မည် ဖြစ်ကြောင်း ကြိုတင် ပြောဆိုထားသည်။ Apple ၏ Tablet အား ထုတ်ဝေမည့် ရက်ကို ကုမ္ပဏီက တိတိကျကျ မကြေညာသေးရာ ခန့်မှန်းမှုများလည်း အမျိုးမျိုး ရှိနေသည်။ Wall Street ဂျာနယ်ကမူ Apple သည် ပြင်ဆင်မှုများအတွက် နှစ်လမျှသာ အချိန်ယူပြီး Tablet များအနေနှင့် ဈေးကွက်အတွင်း မတ်လခန့်တွင် ရောက်လာနိုင်ကြောင်း သုံးသပ်ထားသည်။

ဝူးက Tablet များအတွက် ဈေးနှုန်းကို (၉၉၉)ဒေါ်လာမျှ ကျသင့်နိုင်ကြောင်း ခန့်မှန်းထားပြီး ပိုမိုကြီးမားသည့် Screen အတွက် ဒေါ်လာ(၁၀၀)မျှ ပိုပေးရနိုင်ကြောင်း ပြောကြားထားသည်။ သို့သော်လည်း အခြားသော စစ်တမ်းတခု ကမူ Tablet ၏ဈေးနှုန်းမှာ ဒေါ်လာ(၆၀၀)၀န်းကျင်သာ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဈေးနှုန်း အတိအကျကို Apple က မကြေညာ သေးသည့်တိုင် ဒေါ်လာ(၁၀၀၀) အောက်တွင်သာ ရှိနိုင်ကြောင်း အများစုက ယုံကြည်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here