YouTube တွင် အွန်လိုင်းရုပ်ရှင် ငှားရမ်းကြည့်ရှုသည့် စံနစ် ဝန်ဆောင်မှု စတင်ပြီ

alt

Google က ပိုင်ဆိုင်ထားသည့် Video Sharing ဝဘ်ဆိုဒ်် YouTube သည် ပထမဆုံး Online ရုပ်ရှင်ငှားရမ်း ရေး ဝန်ဆောင်မှုကို စတင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဇန်နဝါရီလ (၂၂) ရက် ယနေ့တွင် စတင်ရန် ပြင်ဆင်ထားသော စံနစ်သစ်အရ ရှေးဦးစွာ ရုပ်ရှင် (၅)ခုကိုသာ အငှားကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့နောက် အမေရိကန်မှ YouTube အသုံးပြု သူများသည် (၂၀၀၉) နှင့် (၂၀၁၀)ခုနှစ် Sundance ရုပ်ရှင်ပွဲတော်မှ ရုပ်ရှင် ဇာတ်ကားများကို ငှားရမ်း ကြည့်ရှု ခွင့်ရလာမည် ဖြစ်သည်။ (၂၀၁၀) ခုနှစ်၊ Sandance ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီလ (၃၁)ရက် နေ့တွင် ကျင်းပမည် ဖြစ်သည်။

ယခု စီမံကိန်းသည် YouTube ၏ ကြီးမားသော ခြေလှမ်းတရပ်လည်း ဖြစ်နိုင်ကြောင်း Gartner Research မှ လေ့လာသူ မိုက်မက်ဂီရီက BBC သတင်းဌာနသို့ ပြောကြားသွားသည်။ YouTube က ခွင့်ပြုမည့် အစီအစဉ်တွင် ကြည့်ရှုသူ တဦးသည် ဇာတ်ကား တခုအတွက် (၃.၉၉) ဒေါ်လာပေးကာ (၄၈)နာရီ ကာလအတွင်း ငှားရမ်း ကြည့်ရှု ခွင့်ရမည် ဖြစ်သည်။

You Tube သည် ကမ္ဘာပေါ်တွင် လူကြည့်အများဆုံး Video Sharing ဝဘ်ဆိုဒ််ဖြစ်ပြီး တမိနစ်လျင် နာရီ (၂၀)စာ ပမာဏရှိသော ဗီဒီယို Clip များကို User များက Upload တင်နေကြသည်။ ပြီးခဲ့သည့်နှစ်၊ ဩဂုတ်လ က YouTube သို့ Upload တင်သော ဗီဒီယို Clip စုစုပေါင်း (၁၀) ဘီလျံ ပြည့်သည် အထိ အောင်မြင်ခဲ့သည်။

YouTube သည် ယခု စမ်းသပ်မှုကို အခြေခံကာ Online မှတဆင့် ရုပ်ရှင်များအား Pay-per-view စံနစ်ဖြင့် ဝန်ဆောင်မှု ပေးသွားရန် မျှော်လင့်ထားသည်။ YouTube က ပထမဆုံး အနေနှင့် ငှားရမ်းပြသရန် ခွင့်ပြု ထားသော ဇာတ်ကား(၅)ခုမှာ The Cove၊ Bass Ackwards၊ One Too Many Mornings၊ Homewrecker နှင့် Children of Invention တို့ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here