Air Bagan Myanmar Masters ဂေါက်သီးရိုက် ပြိုင်ပွဲကျင်းပမည်

alt

လာမည့် သီတင်းပါတ် အတွင်း ကျင်းပပြုလုပ်မည့် Air Bagan Myanmar Masters ဂေါက်သီးရိုက် ပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံ စိုးကျော်နိုင်နှင့်အတူ အောင်ဝင်း၊ ဘိုဘို၊ နိုင်နိုင်လင်း နှင့် ဇော်ဇော်လတ် တို့ပါ

ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါ်လာ(၇၅၀၀၀) ချီးမြှင့်မည့် ပြိုင်ပွဲကို ဇန်နဝါရီလ (၂၈)ရက် နေ့မှ (၃၀)ရက် နေ့အထိ၊ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတကာမှ ကစားသမား (၁၃၂)ဦး ပါဝင်မည် ဖြစ်သည်။

စိုးကျော်နိုင်သည် ပြီးခဲ့သည့်နှစ်က မလေးရှားမှ အာလီရစ်ဇမန်း အား အနိုင်ယူပြီး ဗိုလ်စွဲခဲ့သူ ဖြစ်သည်။ ၎င်းက မိမိ အပါအဝင် မြန်မာ ကစားသမားများ အားလုံးသည် ယခုပြိုင်ပွဲတွင် အောင်ပန်းဆင်နိုင်ရန် မျှော်လင့်နေကြောင်း ပြောဆိုသွားခဲ့သည်။

နိုင်ငံ ကိုယ်စားပြုကာ ကမ္ဘာ့ဖလားတွင် (၃)ကြိမ် ယှဉ်ပြိုင်ဖူးသည့် အတွေ့အကြံုရင့် ဂေါက်သီးသမား စိုးကျော်နိုင်က Asian Development Tour တွင် ယှဉ်ပြိုင်ရန် အတွက် Air Bagan Myanmar Masters ပြိုင်ပွဲက အထောက်အကူ ပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၎င်းအနေနှင့် ချန်ပီယံဆု ကာကွယ်ရမည့် အခြေအနေနှင့် နိုင်ငံတကာ ကစားသမားများအား ပန်းလှိုင်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အတွက် စိတ်လှုပ်ရှား မိကြောင်း၊ မြန်မာနိုင်ငံတွင် ဂေါက်သီးအားကစား ဖွံ့ဖြိုး တိုးတက်လာမှုက မြန်မာ ကစားသမားများ အတွက် ရလဒ်ကောင်းများဆီ ဦးတည်သွားရန် ကူညီ ပေးနိုင်မည်ကို သံသယ မရှိကြောင်း စိုးကျော်နိုင်က ဆက်လက်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here