ထိုင်း နိုင်ငံရောက် မြန်မာလုပ်သားများ မှတ်ပုံတင် ၂၀၁၂ တွင် သက်တမ်း ကုန်ဆုံးမည်

alt

Bureau of International Cooperation ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဆူပက်ဂူကွန်က မြန်မာ အလုပ်သမားများ အတွက် မှတ်ပုံတင် သက်တမ်း (၂)နှစ်တိုးမြှင့်

ပေးခဲ့ပြီး (၂၀၁၂) ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည်ဟု ပြောကြားခဲ့သည်။

မြန်မာ စစ်အစိုးရသည် ရွှေ့ပြောင်း အလုပ်သမား များထံမှ အခွန်ကောက်ခံမှု မပြုတော့ကြောင်း အတည်ပြု ထားခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။ ထိုင်း နိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသူ များအား မိမိတို့၏ နိုင်ငံသားအလိုက် မှတ်ပုံတင်မှု ပြုလုပ်ပြီး လိုအပ်သော စစ်ဆေး အတည်ပြုမှုများ ပြုလုပ်ပြီးပါက ထိုင်းနိုင်ငံသို့ လုံခြံုစိတ်ချစွာ ပြန်လည် လာရောက်နိုင်မည် ဖြစ်ကြောင်း ဆူပက်က ပြောကြားခဲ့သည်။

၎င်းက အထူးသဖြင့် လာအို၊ ကမ္ဘောဒီးယား နှင့် မြန်မာတို့ အများစု ပါဝင်သည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား များအားလည်း မိမိတို့၏ သက်ဆိုင်ရာ နိုင်ငံသားအလိုက် မှတ်ပုံတင် ပြုလုပ်ထားရန် တိုက်တွန်းလိုက်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် တနှစ်စာ Work Permit ရရှိနိုင်ပြီး ထိုင်းနိုင်ငံသား များနှင့်တန်းတူ အခွင့်အရေး၊ အကာအကွယ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here