ဂျူဗင်းတပ် ခံစစ်မှူးအား အင်္ဂလန် ထိပ်သီးအသင်းများ အပြိုင် ခေါ်ယူဖွယ်ရှိနေ

alt

ဂျူဗင်းတပ် အသင်း၏ ခံစစ်မှူး ဂျော်ဂျီရို ချီလီနီ၏ အေးဂျင့်က ၎င်း၏ ကစားသမားအား အင်္ဂလန် ထိပ်သီး ကလပ်ကြီးများ ဝိုင်းလုဖွယ် ရှိကြောင်း သုံးသပ်

ပြောဆို လိုက်သည်။

အီတလီ၏ အထွန်းလင်းဆုံး နောက်တန်း ဗဟိုလူ အဖြစ် ထင်ပေါ် ကျော်ကြားလာသည့် ချီလီနီ အား မန်ချက်စတာ ယူနိုက်တက်နှင့် မြို့ခံ ပြိုင်ဖက် မန်ချက်စတာ စီးတီးတို့ အပြင် လန်ဒန် အခြေစိုက် တော့တင်ဟမ် ဟော့စပါး ကပါ စိတ်ဝင်စား နေကြောင်း အေးဂျင့်ဖြစ်သူ ဒေးဗစ်လစ်ပီက ပြောကြားခဲ့သည်။

ယူနိုက်တက်သည် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က အသည်းအသန် စိတ်ဝင်စားနေသည့် ဆာဘီးယား ခံစစ်မှူး နီမန်ဂျာဗီဒစ်အား ဆုံးရှုံးရပါက အသက်(၂၅)နှစ် အရွယ် အီတလီ လက်ရွေးစင်အား ပေါင် (၂၅)သန်းဖြင့် ခေါ်ယူ သွားဖွယ် ရှိနေကြောင်း သိရှိရသည်။

ထို့အတူ စီးတီး အသင်းသည်လည်း ခံစစ်ကြောင်းကို အင်အားဖြည့်တင်းရန် ချီလီနီအား အလိုရှိ နေပြီး တော့တင်ဟမ် ကပါ ကြားဝင်လာခြင်းဟု လစ်ပီက ပြောဆိုခဲ့သည်။ သို့သော်လည်း ချီလီနီသည် လောလောဆယ်တွင် ဂျူဗင်းတပ် အတွက်သာ အာရုံစိုက်ထားမည် ဖြစ်ကြောင်း လစ်ပီက ဆိုသည်။

သတင်းများ၏ အဆိုအရ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလတွင် ချီလီနီအား ခေါ်ယူဖွယ် မရှိသေးဘဲ ရေးဆင်း ဆန်တန်ဒါမှ ဆာဂျီယို ကာနယ်လက် နှင့် ပေါ်တိုမှ ရိုလန်ဒို တို့အား ဦးစားပေး ကမ်းလှမ်းနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here