လိင်တူခြင်း ထိမ်းမြားခွင့် အပေါ် ဂျွန်မက်ကိန်း၏ ရပ်တည်ချက် ပြည်လည် စဉ်းစားရဖွယ်ရှိ

alt

လိင်တူခြင်း ထိမ်းမြား လက်ထပ်ခွင့် ကို ထောက်ခံရန် ငြင်းဆန် ထားသော အမေရိကန် လွှတ်တော် အမတ် ဂျွန်မက်ကိန်း တယောက် ၎င်း၏ ရပ်တည်ချက်ကို ပြန်လည်

စဉ်းစား ရဖွယ် ရှိနေသည်။

အဘယ်ကြောင့် ဆိုသော် ၎င်း၏ ဇနီးနှင့် သမီးတို့မှာ ကယ်လီဖိုးနီးယား ပြည်နယ်တွင် လိင်တူချင်း လက်ထပ်ခွင့် ရရေး နှိုးဆော်မှု ပိုစတာတွင် ပါဝင် သရုပ်ဆောင်ထားခြင်း ကြောင့် ဖြစ်သည်။

ဇန်နဝါရီလ (၂၀)ရက် နေ့က ကယ်လီဖိုးနီးယားတွင် လိင်တူချင်း လက်ထပ်ခွင့် ရရေး နှိုးဆော် နေသည့် NOH8 အဖွဲ့၏ ပိုစတာကို အင်တာနက်တွင် စတင် ဖြန့်ဝေခဲ့ရာ မက်ကိန်း၏ ဇနီးစင်ဒီ နှင့် သမီးဖြစ်သူ မီဂန်တို့ ပါဝင်နေခြင်းကြောင့် လွှတ်တော် အမတ်မှာ မျက်လုံးပြူးရမည့် အခြေအနေမျိုး ဖြစ်သွားခဲ့ရသည်။

မက်ကိန်း၏ ရုံးအဖွဲ့က (၂၀၀၈)ခုနှစ်၊ သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကင် သမ္မတလောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့သူ အရီဇိုးနား လွှတ်တော်အမတ်မှာ မိသားစု ၏ ယင်းကိစ္စနှင့် ပတ်သက်သော ရှုထောင့်အမြင်ကို လေးစားမှု ရှိပါကြောင်း ပြောကြားခဲ့သည်။ မက်ကိန်း ကိုယ်တိုင်ကမူ လက်ထပ်သည်ဆိုသော ကိစ္စတွင် အမျိုးသား တဦးနှင့် အမျိုးသမီး တဦးတို့သာ ဖြစ်သင့်သည်ဟု ယူဆထားကြောင်း ၎င်း၏ ရုံးအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

NOH8 အဖွဲ့ကမူ ၎င်းတို့၏ တောင်းဆိုမှုတွင် ပူးပေါင်း ပါဝင်ခဲ့သည့် စင်ဒီတို့ သားအမိ အပေါ် ချီးကျူး ပြောကြားခဲ့ပြီး ရီပတ်ဘလစ်ကင် ပါတီတွင် မက်ကိန်း မိသားစု သည် အစဉ်အလာ အကြီးဆုံး မိသားစုတခု ဖြစ်နေသည့်အတွက် အဖွဲ့အပေါ် ထောက်ခံမှုများ ပိုမိုမြင့်တက် လာမည်ဟု မျှော်လင့်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here