အာဏာရှင် စံနစ်ကို ဖြုတ်ချရန် အတွက် အီရတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဟုဆို

alt

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲသည် အီရတ်အား ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းသည် အီရတ် တွင် တရားမဝင် လက်နက် များ ရှိနေသည် ဆိုသော ယူဆချက် ကြောင့် မဟုတ်ဘဲ အာဏာရှင် စံနစ်ကို ဖြုတ်ချရန်

အဓိက ဦးတည်ခဲ့ကြောင်း ဂျက်စထရောက ပြောကြားခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက ဘလဲ သည် စစ်ပွဲအကြို ကာလက အီရတ်တွင် အစုလိုက် အပြံုလိုက် သုတ်သင် သတ်ဖြတ်နိုင်သည့် လက်နက်များ ရှိနေသည်ဆိုသော စွပ်စွဲမှုအတွက် အတိတ်၏ ခြောက်လှန့်မှုကို ခံနေရနိုင်ကြောင်း ထင်ကြေးပေးခဲ့သည်။

၎င်းက မိမိသည် အီရတ်တွင် ဆာဒမ်ဟူစိန်၏ အာဏာရှင် သဖွယ် အုပ်ချုပ်နေသော စနစ်ကို မထောက်ခံ ကြောင်းနှင့် ယင်းသည် နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်ကြောင်း ပြောဆို ခဲ့သည်။ သို့သော်လည်း ဘလဲ ကိုယ်တိုင်ကလည်း ယင်းနှင့် ဆင်တူသော သဘောထားမျိုးဖြင့် အီရတ်နိုင်ငံရေးကို ချဉ်းကပ်ခဲ့ခြင်း မဟုတ်နိုင် ကြောင်းနှင့် ဝန်ကြီးချုပ်တွင် ကွဲပြားသော အမြင်မျိုး ရှိခဲ့နိုင်ကြောင်း စထရောက ပြောကြားသွားသည်။

ဘလဲသည် ပြီးခဲ့သည့်လက အင်တာဗျူး တခုတွင် ၎င်းသည် အီရတ်အား ဝင်တိုက်ပြီးချိန်တွင် မူလ စွပ်စွဲသကဲ့သို့ ဖျက်ဆီးအား ပြင်းထန်သော လက်နက်များ ရှိမနေသည့်တိုင် ဆာဒမ်အား ဖြုတ်ချနိုင်ခဲ့ခြင်း အတွက် လုံးဝနောင်တ မရကြောင်း ပြောကြားခဲ့သည်။ ဘလဲက (၂၀၀၃)ခုနှစ်၊ အီရတ်စစ်ပွဲတွင် ကုလသမဂ္ဂက ခွင့်မပြုမီ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း အတွက် နိုင်ငံရေးနှင့် ဥပဒေရေးရာအရ မျှတသည်ဟု ခံယူထားဆဲ ဖြစ်သည်။

ယခုအခါ တရားရေးဌာနတွင် တာဝန်ယူထားသည့် စထရောကလည်း ထိုစဉ်က အီရတ်အား ဆက်ဆံရန်မှာ စစ်ရေးသည်သာ တခုတည်းသော ဖြေရှင်းမှု နည်းလမ်းအဖြစ် ရှိခဲ့ကြောင်း ဝန်ခံသွားခဲ့သည်။ သတင်းထောက် များက ယင်း စစ်ပွဲအတွက် ဘလဲ၏ သဘောထားမှာ ၎င်းနှင့်တူမတူ မေးမြန်းခဲ့ရာတွင်မူ စထရောက ဖြေဆိုရန် ငြင်းဆိုသွားပြီး မိမိနှင့် ယခင် ဝန်ကြီးချုပ်တို့သည် လူတဦးတည်း မဟုတ်ကြောင်း၊ ယင်း၏ အမြင်ကို သိလိုပါက ဘလဲ ကိုသာ မေးမြန်းသင့်ကြောင်း တုန့်ပြန်ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here