လက်ရဲဇက်ရဲ အီတလီသူ ကြောင့် ဒေးဗစ်ဘက်ခမ်း တုန်လှုပ်ခဲ့ရ

alt

အေစီမီလန် အသင်းတွင် ကစားနေ သည့် ဒေးဗစ်ဘက်ခမ်း တယောက် အီတလီသူ တဦး၏ နယ်မြေ ကျူးကျော်မှု ဒဏ်ကို ခံလိုက် ရကြောင်း သိရှိရသည်။ အင်္ဂလန် လက်ရွေးစင် အလယ်တန်း သမားသည် မီလန်မြို့ရှိ

ဟိုတယ် တခုအနီး သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပနေစဉ် အီတလီ သတင်းထောက် အီလီနာ ဒီဆီယော့ဆီယို ၏ လူကျွံဘော အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်ဟု အီတလီ မီဒီယာ များက ဆိုကြသည်။

ဖြစ်စဉ်မှာ အီလီနာသည် ရုတ်တရက် ဘက်ခမ်း၏ ကပ္ပါယ်အိတ်များအား ဖမ်းညှစ် လိုက်သည်ဟု ဆိုသည်။ သူမသည် လက်အိတ်စွပ်ထားသည့် လက်ဖြင့် ဘက်ခမ်း၏ တားမြစ် ဧရိယာအား ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။

သူမက ထိုသို့ ပြုလုပ်လိုက်ခြင်းမှာ ဘက်ခမ်း၏ ကိုယ်ပိုင် ပစ္စည်းမှာ အမှန်တကယ် ကြီးမကြီး သိချင်သောကြောင့်ဟု ဆိုသည်။ ဘက်ခမ်း၏ဇနီး ဗစ်တိုးရီးယားသည် သူမ၏ခင်ပွန်းအား Golden Ball အဖြစ် မကြာခဏ တင်စား ပြောဆိုလေ့ရှိရာ ထိုစကား မှန် / မမှန်သိအောင် လက်တည့် စမ်းလိုက်ခြင်း ဖြစ်ကြောင်း အီလီနာက ဝန်ခံခဲ့သည်။

သူမသည် ဘက်ခမ်း၏ အမျိုးသား အတွင်းခံဘောင်းဘီ အာမေနီ ကြော်ငြာများကို မြင်ကတည်းက ထိုကိစ္စအား အလွန် သိချင်နေမိကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ သူမ၏ လက်ရဲဇက်ရဲ လုပ်ရပ်ကြောင့် ဘက်ခမ်းသည် အံ့ဩ တုန်လှုပ်သွားပြီး ရုတ်တရက် ငေးကြောင်နေခဲ့သည်။ ထို့နောက်တွင်တော့ စပ်စပ်စုစု နိုင်လှသော သတင်းထောက် အမျိုးသမီးချောအား လုံခြံုရေးများက မောင်းထုတ်ခဲ့ရသည်။

အီလီနာသည် ဟိုတယ်အပြင်သို့ ပြေးထွက်သွားရင်း ပါးစပ်မှ E piccolo, Beckham ဟု အော်သွားခဲ့သည်။ ယင်း၏ အဓိပ္ပါယ်မှာ “ဘက်ခမ်းက သေးသေးလေး”ဟူ၍ဖြစ်ကြောင်း သိရှိရသည်။ ဘက်ခမ်းသည် အီလီနာ၏ လက်ဆော့မှုကို မခံရမီ အချိန်လေးတွင် အခြားသော အီတလီသူ သတင်းထောက်မလေး တဦးနှင့် အင်တာဗျူး လုပ်နေခဲ့သည်။ သူမက ဘက်ခမ်းအား မီလန်မြို့မှ နှစ်သက်သော အရာများကို မေးမြန်းခဲ့ရာ ဘောလုံးစတားက “တော်တော်များများ ပါပဲ။

မီလန်မြို့က လူ တော်တော်များများဟာ အံ့ဩစရာ ပုဂ္ဂိုလ်တွေပါ”ဟု ဖြေကြားခဲ့သည်။ အမှန်တကယ်လည်း ဘက်ခမ်း တယောက် မီလန်သူ သတင်းထောက်မလေးကြောင့် ယခုအခါ အကြီးအကျယ် အံ့ဩသွားရပြီ ဖြစ်သည်။ ဘက်ခမ်းသည် ယင်းကိစ္စ နောက်တွင် ၎င်း၏ ကားကိုမောင်းကာ ဟိုတယ်မှ ထွက်ခွာသွားခဲ့သည်။

ထိုအခါ ကားအနီးတွင် ရစ်သီရစ်သီ လုပ်ရင်း ကျန်နေသော အီလီနာက ကင်မရာဖက်သို့ လှည့်ရင်း “အမယ်လေး၊ ဘုရားရေ! ကျွန်မ သူ့ဟာကို ကိုင်လိုက်မိတယ်တော့”ဟု အော်ကြီးဟစ်ကျယ် ပြောဆိုခဲ့သည်။ အီလီနာ၏ ရုပ်ပုံကို နောက်ပိုင်းတွင် Italia 1 ရုပ်မြင်သံကြားက ပြန်လည်ထုတ်လွှင့် ပြသနေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here