နိုက်ဂျီးရီးယား ၌ ဘာသာရေး သတ်ဖြတ်မှုကြောင့် လူသုံးရာကျော် သေဆုံး

alt

ပြီးခဲ့သည့် သီတင်းပါတ် အတွင်း နိုက်ဂျီးရီးယားနိုင်ငံ၊ ဂျို့စ်မြို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး သတ်ဖြတ်မှုများ အတွင်း လူ(၃၀၀)မျှ သေဆုံးခဲ့ဖွယ် ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်း များက ပြောကြားခဲ့သည်။

မွတ်ဆလင်နှင့် ခရစ်ယာန်တို့ အပြန်အလှန် သတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် စစ်တပ်များ ချထားကာ အစိုးရက အခြေအနေကို ထိန်းသိမ်းနေရကြောင်း ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

အာဏာပိုင် များသည် ဂျို့စ်တွင် (၂၄)နာရီ အပြင်မထွက်ရ အမိန့်ကို သတ်မှတ်ပြဌာန်းကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ ဇန်နဝါရီလ (၁၇)ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် သွေးချောင်းစီး တိုက်ခိုက်မှုများကြောင့် နှစ်ဖက် ဘာသာရေး ခေါင်းဆောင် များသည်လည်း အခြေအနေကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။

ဇန်နဝါရီလ (၂၀)ရက် နေ့တွင်မူ မြို့တွင်းရှိ တိုက်ခိုက်မှုများ အားလုံးကို ထိန်းသိမ်း ထားနိုင်ပြီဟု စစ်ဖက်က ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်မှာ ဗလီတခုကို နာမည်ဖျက် စော်ကားမှု ပြုလုပ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဂျို့စ်အနီးရှိ ဘူကူရာမြို့တွင်လည်း လူ(၁၅)ဦး သေဆုံးကြောင်း သိရသည်။ မွတ်ဆလင် ခေါင်းဆောင်တဦး ဖြစ်သည့် ဘာလာရာဘီ ဒါဝစ်က ဇန်နဝါရီလ (၁၉) ရက်နေ့ မွတ်ဆလင် ဘာသာဝင် (၁၉၂) ဦး၏ ရုပ်အလောင်းများကို မြို့လည်ဗလီသို့ ပို့ဆောင်လိုက်ကြောင်း ပြောကြား သွားခဲ့သည်။

ဒါဝစ်က နောက်ထပ်(၈၀၀)ကျော် ဒဏ်ရာရပြီး (၉၀)ခန့်မှာ အခြေအနေ ဆိုးရွားသဖြင့် စစ်ဆေးရုံတွင် ကုသခံနေရကြောင်း ပြောကြားသွားသည်။ နိုက်ဂျီးရီးယားသည် ယခင် ကတည်းက ဘာသာရေး အမြင် ကွဲပြားမှုများကြောင့် ရန်စောင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ရာ ယခု ပြဿနာသည် ခရစ်ယာန်နှင့် မွတ်ဆလင် ဆက်ဆံရေးကို ပိုမိုဆိုးရွား သွားစေဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here