တ​ရုပ်​လုပ်​ F-7​ ​လေ​ယာဉ်​ ပျက်​ကျ​​​​၍ ​မြန်​မာ​ပိုင်း​လော့​ သေ​ဆုံး

alt

မြန်​မာ​ပိုင် တ​ရုပ်​နိုင်ငံ​ထုတ်​ F-7​ ​တိုက်​လေ​ယာဉ်​ တ​စင်း​သည်​ ​ယ​နေ့​ မ​နက်​ခင်း​ပိုင်း​က​ ​ရန်​ကုန်​ အ​ပြည်​ပြည်​ဆိုင်​ရာ​ ​လေ​ဆိပ်​သို့​ ဆင်း​သက်ရာ​တွင်​ ​ပျက်​ကျ​ကာ​ ​လေ​ယာဉ်​မှူး​ ​ဗိုလ်​ကြီး​ ​ပြည့်​ဖြိုး​မျိုး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ မျက်​မြင်​သက်​သေ​များ​က​ ​ပြော​ဆို​ခဲ့​ကြ​သည်​။​

​အ​ဆိုပါ F-7 ဂျက်​လေ​ယာဉ်​သည်​ ​တ​ယောက်​စီး​အ​မျိုး​အ​စား​ ဖြစ်​ပြီး​၊​ ​လေ​ကျင့်​ရေး​ အတွက်​ ​မြန်​မာ​ လေ​တပ်​တွင်​ ​အ​သုံး​ပြု​လျှက်​ရှိ​ကာ​ ​မည်​သည့်​ အ​တွက်​ကြောင့်​ ပျက်​ကျ​ခဲ့​သည်​ကို​ ​သေ​ချာ​စွာ​ မ​သိ​ရှိ​ရ ​သေး​ပေ​။​

မျက်​မြင်​ သက်​သေ​များ​က ​ပြော​ဆို​ရာ​တွင်​ တိုက်လေယာဉ်မှာ အဆင်းတွင် ဘီးချမရ၍ ရှပ်တိုက်ဆင်းရာမှ မီးလောင် ပျက်ကျခဲ့ခြင်း ဖြစ်​ကြောင်း​ ပြော​ဆို​ခဲ့​ကြသည်​။ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ဦးဌေးအောင်က ယခုလို လေယာဉ် ပျက်ကျမှုမျိုးသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကာ မြန်မာလေတပ်တွင် တရုတ်လုပ် စစ်ပစ္စည်း အများအပြားသည် အာမခံချက် ကျော်လွန်ပြီးသားများ ဖြစ်သည်ဟု မီ​ဒိ​ယာ​များ​ကို​ ​ပြောဆို ခဲ့​ဘူး​သည်​။

“ကျနော် လေ့လာ မိသလောက် ဆိုရင် ၁၉၉၉ ခုနှစ် ကတည်းက မြန်မာလေတပ်ကနေ တိုက်လေယာဉ် ၉ စီးထက် မနဲ ပျက်ကျ ခဲ့ဖူးတယ်” ဟု သူက ပြောဆို​ပြီး​​၊​ နအဖ သည် တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်း အများအပြား ဝယ်ယူလာခဲ့ရာတွင် အရည်အသွေး အားဖြင့် အဆင့် နိမ့်ကျနေပြီ ဖြစ်ကြောင်းနှင့် န.အ.ဖ အတွက် အကောင်းဆုံး ဗုံးကြဲ လေယာဉ်များသည် ရုရှားလုပ် အမ်အိုင်ဂျီ ၂၉ ဖြစ်ကြောင်း ဦးဌေးအောင်က ပြောဆို​ခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၂၀၀၁ ခုနှစ်က MiG-29 တိုက်ခိုက်ရေး လေယာဉ် ၁၂စင်း ဝယ်ယူခဲ့ပြီး၊ ပြီး​ခဲ့​သည့်​ ​ဒီ​ဇ​င်​ဘာ​လ​ က​လည်း​၊​ ယူရိုငွေ သန်း ၄၀၀ ရာခန့် ( အမေရိကန် ဒေါ်လာသန်း ၅၇၀ ) ရှိသော MiG-29 တိုက်ခိုက်ရေး လေယာဉ် အစင်း​ ၂၀​ အား ​ ဝယ်ယူရန် အတွက် ရှရှား အစိုးရပိုင် Rosoboronexport လက်နက် ရောင်းချရေး နှင့်​ လက်​မှတ်​ရေး​ထိုး​ ထားခဲ့​သေး​သည်​။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက န.အ.ဖ သည် စစ်ရေး အသုံးစရိတ်ကို အမျိုးသား ဘတ်ဂျက်မှ ၄ဝ ရာခိုင်နှုန်းကျော် သုံးစွဲနေပြီး၊ ပညာရေးနှင့် ကျန်းမာရေး အတွက် ၄-၅ ရာခိုင်နှုန်း ခန့်သာ သုံးစွဲနေသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here