ရီပါပလစ်ကင် အမတ်သစ် စကော့ဘရောင်း ရွေးချယ်ခံရခြင်းက သမ္မတ အိုဘားမား အခက်တွေ့ဖွယ်

alt

ကွယ်လွန်သွားသည့် လွှတ်တော်အမတ် အက်ဒွက် ကနေဒီ နေရာတွင် စကော့ဘရောင်း အရွေးချယ် ခံရခြင်းသည် အမေရိကန် သမ္မတ ဘာရက်အိုဘားမား အတွက် သမ္မတ သက်တမ်း အတွင်း အကြီးဆုံး အာရုံနောက်စရာ

ကိစ္စတခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

လူသိနည်းသော ရီပတ်ဘလစ်ကန် ပါတီဝင် ဘရောင်း တယောက် အရွေးချယ် ခံရမှုသည် လွှတ်တော်တွင် အိုဘားမား၏ ဒီမိုကရက်တို့ အမတ်နေရာ (၆၀)မျှကို ဆုံးရှုံး သွားစေခဲ့သည်။ ပြည်နယ်အမတ်နှင့် ပိုင်ဆိုင်မှု ကိစ္စများအတွက် ရှေ့နေအဖြစ် တာဝန်ယူထားသူ ဘရောင်းသည် ဒီမိုကရက်တစ် အမတ် မာသာကော့လီအား (၅၂း၄၇)ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မက်ဆာချူးဆက် ပြည်နယ် မဲဆန္ဒအရ ဘရောင်း အနိုင်ရလာခြင်းသည် ဒီမိုကရက်တို့၏ လွှမ်းမိုးမှု အရှိန်အဝါ အတန်ငယ် ကျဆင်းလာမှုအား ဖော်ပြနေပြီး အိုဘားမား ကြံစည် ကြိုးပမ်းနေသည့် ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းအပေါ် ပြည်သူများက မကျေနပ်မှုနှင့်လည်း ဆက်စပ်နေဖွယ် ရှိသည်။ ဘရောင်းက မိမိ၏ အောင်မြင်မှုအတွက် မဲပေးသူများကို ကျေးဇူးတင်မိကြောင်းနှင့် နောက်လာမည့် ရွေးကောက်ပွဲ ရာသီတွင် မက်ဆာချူးဆက် လွှတ်တော်အမတ် နေရာသည် လူအာရုံ စိုက်ခံရမှု ပိုမိုမြင့်တက် လာစေမည် ဖြစ်ကြောင်း ကတိပြု ပြောဆိုသွားသည်။

မိမိကိုယ်ကိုယ် လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့် စိတ်ထားမျိုးရှိသူဟု ထုတ်ဖော်ပြောဆိုထားသည့် လက်ရှိ ဝါရှင်တန် အစိုးရ၏ လွှတ်တော်တွင်း အဓိက အတိုက်အခံ တဦးလည်း ဖြစ်လာဖွယ် ရှိနေသည်။ ဝါရှင်တန်ရှိ ဒီမိုကရက် အချို့ကလည်း အစိုးရ အဆိုပြုထားသော ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းသည် ဘရောင်း၏ ထောက်ခံမှု မရှိဘဲ အကောင်အထည် ဖော်ပါက နိုင်ငံရေးအရ အန္တရာယ်ရှိသော အနေအထားမျိုးဆီ ဦးတည် သွားနိုင်ကြောင်း ဝန်ခံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here