လမ်းပတ်နှင့် တွဲနေသည်ဟု ခရစ်စတင်း ဘလိတ်လီ ဖွင့်ဟ ပြောကြား

alt

ခရစ်စတင်း ဘလိတ်လီက သူမသည် ချဲလ်ဆီးအသင်းမှ ဘောလုံးသမား ဖရန့်လမ်းပတ် နှင့် တွဲနေကြောင်း အတည်ပြု ဝန်ခံလိုက်သည်။ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်စတားနှင့် အတူ ရှိနေရခြင်း အတွက်

ပျော်ရွှင် ကျေနပ်မိကြောင်း ဗြိတိန် နာမည်ကျော် One Show အစီအစဉ် တင်ဆက်သူ ခရစ်စတင်း က ဆိုသည်။

အသက် (၃၀)အရွယ် ခရစ်စတင်းသည် အသက် (၃၁)နှစ် အရွယ် ဘောလုံးသမားနှင့် ပြီးခဲ့သည့် နှစ် Mirror သတင်းစာ၏ Pride of Britain Awards ဆုပေးပွဲတွင် စတင် တွေ့ဆုံခဲ့ခြင်းဟု ထုတ်ဖော် ပြောဆိုသွားသည်။ ထိုပွဲတွင် ခရစ်စတင်းသည် ရံပုံငွေ ပေါင်စတာလင် (၁)သန်း ရရှိရေး ဦးဆောင် ကြိုးပမ်းခဲ့သည်။

ခရစ်စတင်းက သူမတို့ နှစ်ဦးသည် အစောပိုင်းက တွေ့ဆုံမှုများကို လျှို့ဝှက်ထားခဲ့ကြောင်း ဝန်ခံသွားခဲ့သည်။ သူမသည် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ Thomson Sport Relief ရေလွှာလျှောစီး ပြိုင်ပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသည်။ ခရစ်စတင်းက သူမ အနေနှင့် ယခင်က ရေလွှာလျှောစီးမှု တကြိမ်မျှ မပြုလုပ်ခဲ့ဖူးကြောင်း၊ သူမ ဘဝတွင် ကြံုဖူးသမျှ အနက် အပင်ပမ်းဆုံး အတွေ့အကြံုလည်း ဖြစ်ကြောင်း ကင့်န်ရှိ ရမ်းစတိတ်တွင် လေ့ကျင့်နေစဉ် ပြောကြားသွားခဲ့သည်။ 

ရံပုံငွေ ရှာဖွေရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော Sport Relief ပြိုင်ပွဲ အထိမ်းအမှတ် တီရှပ်ကို နာမည်ကျော် အင်္ဂလန် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း နှင့် ဇနီးသည် ဗစ်တိုးရီးယား ဘက်ခမ်း တို့က ဒီဇိုင်း ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here