အလွန် ကြီးမားသည့် ငါးအား ဖမ်းဆီးမိခဲ့သည့် မျက်မမြင် အမျိုးသမီး

alt

အသက် (၅၆)နှစ်ရှိ မျက်မမြင် အမျိုးသမီးကြီး တဦးသည် အကြီးဆုံး ရေချိုငါးကြီး တကောင် အား ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိ ရသည်။ ရှာလီယာပန်ဖိုး အမည်ရှိ ဗြိတိန် အမျိုးသမီး ကြီး ဖမ်းမိခဲ့သည့်

ငါးကြီးမှာ (၁၅)စတုံနှင့် (၄)ပေါင် အထိ အလေးချိန် ရှိသည်။

သူမသည် ခင်ပွန်းသည် အလန်၊ သားဖြစ်သူ အာသာ တို့နှင့်အတူ ငါးစာကို ဟပ်ခဲ့သည့် ကြီးမားလှသော ရေနေ သတ္တဝါကြီးအား ကုန်းပေါ်ဆွဲတင်ရန် မိနစ်(၃၀)လုံးလုံး အချိန်ယူ ကြိုးပမ်းခဲ့ရသည်။ ရှာလီယာသည် မိသားစုနှင့်အတူ စပိန်သို့ အပမ်းဖြေခရီး ထွက်နေစဉ် မြစ်တခု အတွင်း အဆိုပါ ငါးကြီးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုငါးကြီးသည် စပိန်နိုင်ငံတွင် အမျိုးသမီးတဦး ဖမ်းဆီးနိုင်ခဲ့သည့် ငါးများအနက် အကြီးဆုံး ငါးလည်း ဖြစ်လာခဲ့သည်။ သူမ အနေနှင့် မောပန်းနေသော်လည်း ပျော်ရွှင်ကြောင်း၊ မျက်စိ မမြင်ခြင်းသည် စံချိန်တင် အောင်မြင်မှုတခု ဆွတ်ခူးနိုင်ရေး အတွက် အတားအဆီး မဖြစ်ခဲ့သည်ကို သက်သေပြ နိုင်ခဲ့ကြောင်း၊ လန်ဒန်မြို့ ဝမ်းစဝေါ့တွင် နေထိုင်သည့် ရှာလီယာက ဆိုသည်။

ရှာလီယာသည် အဆိုပါ ငါးကြီးအား ဘာစီလိုနာမြို့၊ အက်ဘရို မြစ်အတွင်းမှ ဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ငါးကြီးက ငါးစာကို စဟပ် လိုက်ချိန်တွင် သူမအနေနှင့် ယိမ်းယိုင်သွားသော်လည်း ကံကောင်း ထောက်မစွာဖြင့် ရေထဲအထိ မပါသွားသည်ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ရှာလီယာက ဆိုသည်။ သူမက ခင်ပွန်းသည် အလန်ကလည်း ရှာလီယာသည် မျက်စိမမြင်သည့်တိုင် ဉာဏ်ရည်ထက်မြက် ထူးချွန်ပြီး ဇွဲကောင်းလှကြောင်း ချီးကျူး ပြောကြားခဲ့သည်။

ယခင်က ဗြိတိန် အမျိုးသမီးတဦး ဖမ်းယူနိုင်ခဲ့သည့် အကြီးဆုံးငါးမှာ စကက်နက်တွင် နေထိုင်သော အသက် (၄၆)နှစ်ရှိ ဘက်စထရိ ဖမ်းခဲ့သည့် ငါးကြီးဖြစ်ပြီး (၆၉)ပေါင်၊ (၈၀)အောင်စဖြင့် စံချိန် တင်ထားခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here